Part 37-မင်းကကိုယ့်အပိုင်!!!

5.6K 715 21
                                    

Unicode

"သူ့ကိုလွှတ်လိုက်စမ်း!"

ဟန်နရီရဲ့လက်ဖဝါးတွေကို သူ့ချစ်သူလေးရဲ့ကိုယ်ပေါ်မှာ တွေ့လိုက်တာနဲ့ ဟန်လုက အော်ပြောလိုက်တယ်။ဟန်နရီက အီရန့်ခန္ဓာကိုယ်ပေါ်က ချွေးတွေကိုသုတ်ပေးနေတဲ့အချိန်မှာ တစ်စုံတယောက်က ရုတ်တရပ် အခန်းထဲကို ကျူးကျော်ဝင်လာခဲ့တာ။

အယ်လ်ဖာရဲ့ဒေါသတကြီး အပြုအမူကိုမြင်ပြီး ဟန်နရီကနာနာခံခံနဲ့ပဲ အီရန့်လက်မောင်းတွေကို ပြန်ချလိုက်ပြီး သတိမကပ်တဲ့ခန္ဓာကိုယ်လေးပေါ် စောင်တစ်တည်လွှမ်းခြုံပေးလိုက်ပြီးမှ ဟန်လုကို မျက်နှာချင်းဆိုင်လိုက်တယ်။

"ငါမှန်းထားတာထက် ရောက်လာတာနောက်ကျသားပဲ..။အဲ့ဒီ့အမျိုးသမီးကို မင်းတကယ်ကြိုက်တယ်လို့ ငါထင်မိတော့မလို့။"

သတိမကပ်တဲ့အိုမီဂါရဲ့အဝေးကိုလျှောက်လာကာ ဟန်နရီက ထေ့ငေါ့လိုက်တယ်။ဟန်လုက အခုအယ်လ်ဖာတစ်ယောက်ရဲ့အသိစိတ်ဝင်နေတာကို သူသိတယ်။ဟန်နရီကိုယ်တိုင်ကလည်း အယ်လ်ဖာတစ်ယောက်ဖြစ်ပေမဲ့ မိုဟန်လုက ကွဲပြားတယ်။ဒေါသထွက်နေတဲ့မိုဟန်လုနဲ့ သူဘာမှမလုပ်ချင်ဘူး။ဟန်လုနဲ့အတူကြီးပြင်းလာခဲ့တဲ့အတွက် အယ်လ်ဖာနဲ့သွားရှုပ်လို့မရဘူးဆိုတာ သူသိတယ်..အထူးသဖြင့် ဟန်လုဒေါသထွက်နေတဲ့ အချိန်ဆိုရင်ပေါ့..။

လန့်ကိုအောက်ကိုချလိုက်ပြီး ဟန်လုက အသက်ခက်ခက်ခဲခဲရှုနေရတဲ့ အီရန့်ဆီပြေးသွားလိုက်တယ်...ဒါပေမဲ့ လမ်းမှာ ခဏရပ်ကာ သူငယ်ချင်းဖြစ်သူကို စိုက်ကြည့်လိုက်တယ်..။သူ့ရဲ့အကြည့်က အီရန်အန်ဒရူးဆိုတာ သူ့အပိုင်ဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုအပေါ် မည်သူမှ လက်မတင်သင့်ကြောင်း ရှင်းလင်းစွာဖော်ပြနေတယ်။

ဟန်နရီက ဟန်လု ပြောချင်တဲ့အရာကိုသဘောပေါက်ပြီး သက်ပြင်းချကာ လန်လေးဘက်လှည့်ပြီး ကောင်ကလေးကိုလက်မောင်းပေါ် ချီမလိုက်တယ်။

"သူ့ရဲ့ခန္ဓာကိုယ်က ပိုင်ရှင်က ချည်နှောင်ခြင်းကို ပယ်ဖျက်ဖို့ ကြိုးစားနေတယ်ဆိုတာ လက်ခံပြီးပြီ။ အီရန်က သူ့ရဲ့အိုမီဂါအသိစိတ်ကို အနိုင်ယူဖို့ကြိုးစားနေရတာ..မင်း အလွန်အကျွံမလုပ်မိဖို့ ငါမျှော်လင့်တယ်။"

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Hikayelerin yaşadığı yer. Şimdi keşfedin