Unicode
"ဒါဆို အဲ့ဒါကအန္တရာယ်ရှိတာလား..မရှိဘူးလား?!" အီရန်က ဟန်လုကိုမျက်နှာချင်းဆိုင်ပြီး ထပ်မေးလိုက်တယ်။
အခု လျှို့ဝှက်ချက်တွေအကုန်သိပြီးပြီဆိုတော့ ဗရော်နီကာချိုင်းက ဘာလို့ အောင်အောင်မြင်မြင်မတ်တပ်ရပ်နေနိုင်သေးတာလဲဆိုတာ အီရန်က သိချင်နေတာ။
ဟန်လုတွဲခဲ့တဲ့အမျိုးသမီးတွေကို အီရန်ကအမြဲလျစ်လျူရှုထားခဲ့ပေမဲ့ ဗရော်နီကာချိုင်းကိုတော့ သူမုန်းတီးခဲ့တယ်ဆိုတာ ငြင်းမရဘူး။အကြောင်းရင်းက ထိုအမျိုးသမီးက သူမရဲ့ကျော်ကြားမှုအတွက် ဟန်လုကိုအသုံးချနေတာခဲ့တာ။
သူမက သိုက်တူးသမားတစ်ယောက်ဆိုတာ လူတိုင်းသိပေမဲ့ ဟန်လုကအံ့အားသင့်စရာကောင်းလောက်အောင် ကြေးကြီးတဲ့သူမကို မခွါချပစ်ခဲ့တဲ့အတွက် ဘယ်သူမှဘာမှမပြောနိုင်ခဲ့တာ။
"ကိုယ်တို့လည်း မသိသေးဘူး။ရန်သူက ကိုယ်ထင်မပြသေးတော့ လောင်ထရန်းက သူမနဲ့တူတူကစားပေးဖို့ ကိုယ့်ကိုပြောထားတာ။အကိုကြီးက အမည်မသိရန်သူနဲ့ မဆင်မခြင် တိုက်ပွဲမစချင်ဘူးတဲ့..။" ဟန်လုက သက်ပြင်းချလိုက်တယ်။
ငါးစာလုပ်ခံရတဲ့အတွက် နည်းနည်းစိတ်ဆိုးချင်သလိုလို။သူ့အကိုကြီးရဲ့စကားကိုသာနားထောင်ခဲ့မယ်ဆို အီရန့်ကိုသူပြန်ရမှာမဟုတ်တော့ဘူး။
"ကိုယ်သာ သူပြောတာနားထောင်ခဲ့ရင် မင်းကိုတစ်သက်စာအတွက် ဆုံးရှုံးလိုက်ရတော့မလို့" ဟန်လုက ရေရွတ်ပြီး အီရန့်ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်တယ်။ဒီတစ်ကြိမ်တော့ ထရန်းဇီကို သူတကယ်ကျေးဇူးတင်တယ်။
"မင်းပြောတာမှန်တယ်..၁လကျော်ဆို မင်းကို ငါမေ့သွားလောက်ပြီ" အီရန်က စလိုက်တော့ ဟန်လုကနှုတ်ခမ်းစူပြီး သူ့ရဲ့ချစ်သူလေးကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်တယ်။
"ကိုယ့်ကိုမေ့ပစ်ခွင့် မင်းကိုဘယ်တော့မှမပေးဘူး။ကိုယ့်ဆီက ထွက်ပြေးလို့မရအောင် အခု မင်းကို ကိုယ် လက်ထပ်ပစ်လိုက်လို့တောင် ရတယ်" ဟန်လုက ပြောတော့ အီရန်က ရုတ်တရပ် အတည်ကြီးစဉ်းစားလိုက်ကာ ဘာမှပြန်မပြောဘဲ သူ့ရှေ့ကယောကျာ်းကို မော့ကြည့်လိုက်တယ်။
ŞİMDİ OKUDUĞUN
ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]
AksiyonAll credits go to original writer @lesson101.I am just a translator of this novel. Story cover from google and it belongs to the artist. Book 1-Doted by the Alpha(ချစ်တတ်လွန်းသောအယ်လ်ဖာ) [total 80 parts] Book 2-My Husband is a Mafia Boss(ငါ့ယောကျာ်း...