တောက်တောက်ပပ ဖြာကျနေတဲ့နေရောင်ခြည်အပြင် လေအေးအေးလေးတိုက်ခတ်နေတဲ့သာယာတဲ့ရာသီဥတုပေမဲ့ မသာယာနိုင်စွာ လက်ကနာရီတကြည့်ကြည့်ဖြင့် စက်ဘီးကိုအရှိန်ပြင်းပြင်း
နင်းနေရတဲ့ ကျွန်တော်ပန်းတိုင်ဖြစ်တဲ့ ကျောင်းတံခါးဆီရောက်ဖို့ လက်တစ်ကမ်း အကွာမှာ ရိပ်ခနဲ ပိတ်ဆို့လိုက်တဲ့ ပုံရိပ်တစ်ခုကြောင့် အလန့်တကြား ဘရိတ်ကို ဆွဲလိုက်ရသည်
အရှိန်နဲ့မို့ စက်ဘီးတစ်ခုလုံးခါရမ်းသွားပေမဲ့ မလဲကျသွားတာပဲ ကံကောင်းသွားတယ်
ကျောင်းနောက်ကျလို့အလောတကြီးဖြစ်နေရတဲ့အထဲ အခုတော့ ဒေါသထွက်ရပြန်တယ်"ရားးးသေချင်လို့လား"
ကိုယ်ကတော့ စိတ်ဆိုးမာန်ဆိုးအော်ဟစ်မိပေမဲ့ ရှေ့ကလူသားက မျက်နှာတစ်ချက်မပျက်နဲ့
"ငါ့ကိုသိတယ်မလား"
ထိုလူသား ဆီက
ဆွဲဆောင်မှုအပြည့်ရှိတဲ့ အသံကိုကြားရပြီး မျက်ခုံးပင့်ကာအတွေးပွားမိသွားသည်ကြည့်ကောင်းလွန်းတဲ့မျက်နှာ မိုက်လွန်းတဲ့ အမူအရာ စတိုလ်ကျလွန်းတဲ့ ပုံစံတွေကြောင့်
ကျောင်းမှာလူတိုင်းရဲ့ စိတ်ကူးယဉ်မင်းသားလေးဖြစ်နေတဲ့ ကောင်မဟုတ်လား"ဒီကျောင်းက လူတိုင်းမင်းကိုမသိတဲ့လူရှိလို့လား"
"ဒါဆို ငါတို့တွဲကြမလား"
"ဟမ်..ဘာပြောတယ်"
"ငါနဲ့တွဲမလား လို့မေးနေတာ "
ဒါကို ခင်ဗျားတို့ဆိုရင်ရော ယုံမှာလား
ကျောင်းရဲ့မာနခဲလေးက ကျွန်တော့်လိုဘာမဟုတ်တဲ့သူကို 'တွဲကြမလားတဲ့'
မိန်းကလေးတောင်မဟုတ်တဲ့ ကျွန်တော့်ကို 'တွဲကြမလား'တဲ့
ကြားမိတဲ့သူတိုင်း သွေးအန်သေကုန်တော့မှာပဲ"ဟေ့..ဘယ်လိုလဲ စဉ်းစားဖို့အချိန်လိုသေးတာလား"
ငေးကြောင်နေမိတဲ့ ကျွန်တော့် မျက်နှာရှေ့ လက်ဖျောက် တီးရင်း မင်းဆတ်ပြကာ 'ဘယ်လိုလဲ'ဆိုပြီး မေးလာပြန်တယ်
"ရူးနေလား ငါကဘာလို့မင်းနဲ့တွဲရမှာလဲ
ချီးပဲဟ...နောက်ကျနေပြီ"