He

16 1 0
                                    

uni

သင်္ချိုင်းတစ်ခုရဲ့ အုပ်ဂူတစ်ခုမှာထိုင်နေတဲ့ကောင်လေးတစ်ယောက်။

ဖြူဆွတ်နေပြီးခါးလောက်ရှိတဲ့ဆံနွယ်တွေကို စုသိမ်းကာ ထုံးထားတယ်။ မျက်စံမှာလဲ နီဆွေးပြီး အနက်ရောင်ဘက်တောင်ရောက်လှနီးပါးပင်။ နှုတ်ခမ်းမှာ ခပ်လှောင်လှောင်အပြုံးကိုချိတ်ဆွဲထားကာ မျက်ဝန်းမှာတော့ နာကျည်းခြင်းမှာထင်ဟပ်နေတယ်။

Saoirse(ဆေးလ်ရို့) ဒါကသူနာမည် အဟက် နာမည်ရဲ့အဓိပ္ပါယ်က Freedom တဲ့။ ဟားဟား နာမည်ကသာ လွတ်လပ်ခြင်း တဲ့။ ဘဝက လှောင်ချိုင့်ထဲက ငှက်သာသာ သူ့ကိုဖမ်းတဲ့သူက သီချင်းဆိုခိုင်းရင်ဆိုရမယ် ရပ်ဆိုရပ်ရမယ်။

သူ့ဘဝလား။ သူ့ဘဝအကြောင်းပြောရရင် ဘယ်ကစမလဲ မိဘမဲ့ဂေယာကစမှာလား Cruella အိမ်တော်ကစမှာလား Litxaro University စမလား ဘယ်ကစစ အဆိုးတွေပဲ မိဘမဲ့ဂေယာမှာဆို အနိုင်ကျင့်ခံရတယ် ဒါပေါ့ မိဘမဲ့ဂေယာဆိုတာ ကြီးနိုင်ငယ်ညှင်းပေ။ အုပ်ချုပ်သူကကော ဘာလုပ်နေလဲမေးရင် အုပ်ချုပ်သူကိုယ်တိုင်ကလဲ နာမည်ကောင်းရချင်လို့သာ မိဘမဲ့ဂေယာကိုဖွင့်ခြင်းပေ။ ဖွင့်သာဖွင့်ပြီး တစ်စက်မှဂရုမစိုက်။

အင်း အဲ့လိုအနိုင်ကျင့်ခံရတာကို သည်းခံပြီးနေလာခဲ့တာ သူ့အသက် 9နှစ်အရွယ်မှာ Cruella မိသားစုမှာမွေးစားခံလိုက်ရတယ်။ သူပျော်ခဲ့တယ် ဘာပဲဖြစ်ဖြစ် မိသားစုရလာပြီလေ။ အဲ့လိုမျော်လင့်ချက်တွေကို အိမ်တော်စရောက်တာနဲ့ ရိုက်ချိုးခံလိုက်ရတယ်။

Cruella မိသားစုဟာ သူ့ကို မွေးစားခြင်းက နာမည်ကောင်းရချင်၍ မွေးစားခြင်းပေ။ အိမ်တော်ရောက်တော့လဲ အစေခံလိုပဲနေရတာပါပဲ။ ဒါမဲ့ အိမ်တော်မှာတော့နေခွင့်ပေးတယ်။ စတိုခန်းလောက်ပဲရှိတဲ့ လှေကားအောက်ကအခန်းလေ။ ဒါမဲ့ ဘာပဲဖြစ်ဖြစ် နွေးနွေးထွေးထွေးနဲ့အိပ်ရပြီ အိမ်လို့ခေါ်ရမဲ့နေရာရှိပြီ ထမင်းနပ်မှန်ကုန်စားရပြီ လို့တွေးပြီ ရူးရူးမိုက်မိုက်ပျော်နေခဲ့တုန်းပေါ့။

နောက် ကျောင်းတက်ဖို့လုပ်ပေးတယ်။ ကျောင်းနောက်ကျမှတက်ရတာကြောင့် ကလေးတွေကြားထဲမှာ သူက လူကြီးလိုဖြစ်နေတယ်လေ။ သြော်မေ့တော့မလို့ Cruella မိသားစုမှာ သမီးလေးတစ်ယောက်ရှိသည်။ သူ့ထက်ဆို 4နှစ်ငယ်လိမ့်မယ်လေ။ အဲ့ကလေးမနာမည်က Zara တဲ့ လှလိုက်တဲ့နာမည်လေး ဒါမဲ့ မျိုးရိုးနဲ့ပေါင်းကြည့်လိုက်တော့ အကျည်းတန်သွားတယ်။
(Zara ဆိုတာက Princess လို့အဓိပ္ပါယ်ရပြီး Cruella ရဲ့အဓိပ္ပါယ်က Evil,Cruel လို့အဓိပ္ပါယ်ရပါတယ် နှစ်ပေါင်းလိုက်တော့ Evil Princess ဆိုတော့ ရက်စက်တဲ့မင်းသမီးဖြစ်သွားလို့ အကျည်းတန်တယ်လို့ပြောတာပါ)

You've reached the end of published parts.

⏰ Last updated: May 09, 2022 ⏰

Add this story to your Library to get notified about new parts!

𝙼𝚢 𝚘𝚗𝚎𝚜𝚑𝚘𝚝 𝚌𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗Where stories live. Discover now