ESCAPE

1.8K 136 15
                                    


BGM // Hellevator by Stray Kids

" ကျေးဇူးပြုပြီး..အ...အသက်ကိုချမ်း....ချမ်းသာ....ပေးပါ "

သွေးအိုင်ထဲနစ်နေပြီးသေလုမြောပါးဖြစ်နေတဲ့ထိုလူကအသက်ငင်နေလျက်နှင့်ပင်မသတ်ရန်တောင်းဆိုလာလေသည်။

" ဘာလို့လဲ သေရမှာသိပ်ကြောက်နေလား ၊ သမီးအရွယ်ကောင်မလေးတွေရဲ့ဘဝကိုဖျက်ဆီးခဲ့တုန်းကတော့ ခုလိုမဟုတ်ပါလားဟမ် "

" အားးးးးးးးးးးး "

ပြောရင်းမှရင်ဘတ်သို့ထပ်မံထိုးစိုက်လိုက်သောဓားချက်ကြောင့်မြေပြင်ပေါ်ရှိလူမှာတော့ဘဝတပါးသို့ကူးပြောင်းသွားပြီဖြစ်လေသည်။

" ဘယ်နှနာရီရှိပါလိမ့် Ohhh Sh*tttt ညသန်းခေါင်တောင်ကျော်နေပြီ မြန်မြန်ပြန်မှဖြစ်တော့မယ် "



🚬


" ဘယ်အချိန်ရှိပြီလဲ အူယူ "

" ဟီး ကိုကို ဒီနေ့ပြန်ရောက်တာစောသားပဲ "

" စကားလမ်းကြောင်းမလွှဲနဲ့ အူယူ ည ၁၀နာရီကျော်ရင် အပြင်မထွက်ပါဘူးကတိပေးထားတာမေ့ပြီလား "

" မမေ့ပါဘူး ကိုကိုကလဲ တရက်တလေလေးပါ နော်
နော် လို့ ....... "

" ဖြေပါအုန်း ဘယ်ကပြန်လာလဲဆိုတာ "

" ဟိုလေ ကိုကို ဒီတိုင်းဟိုဟိုဒီဒီလျှောက်သွားရင်းနဲ့လေ ညစျေးတန်းတွေလျှောက်သွားရင်း ကလပ်ထဲခဏရောက်သွားတာပါ "

" သေချာတယ်နော် အူယူ ၊ ကိုကို့ကိုလိမ်ရင်တော့အပြင်မထွက်ရတော့ဘူးနော် "

" အင်းပါ ကိုကိုကလဲ ၊ ဆရာဝန်လို့မပြောရဘူး
တအားစည်းကမ်းကြီးတာပဲ "

" လူနာကမလိမ္မာမှတော့ ဆရာဝန်ကစည်းကမ်းကျပ်ရတာပေါ့ ၊ ကဲ သွား အဝတ်သွားလဲ ခြေလက်သန့်စင်ပြီးရင် ထွက်လာခဲ့ ခေါက်ဆွဲပြုတ်ထားပေးမယ် ပြီးရင် ဆေးသောက်မယ်နော် "


" အိုခေ "




ခေါက်ဆွဲပြုတ်ကို တို့ကနန်းဆိတ်ကနန်းစားနေသောဆောင်းဟွန်းကိုကြည့်ပြီးဟီဆွန်းအားမရပေ။ ဆေးတိုက်တိုင်းသောက်ချင်ယောင်ဆောင်ပြီးလွှင့်ပစ်တတ်သောဆောင်းဟွန်းအကျင့်ကိုဟီဆွန်း ကောင်းကောင်းကြီးသိနေသည်မို့ဘေးကနေမျက်ခြည်မပြတ်စောင့်ကြည့်နေရသည်။

ESCAPE || HEEHOONWhere stories live. Discover now