1 [U]

3.4K 213 29
                                    

🛑ဇာတ်လမ်းမှာပါတဲ့ ဇာတ်ကောင်တိုင်းကို လေးစားပေးပါ။ အလွန်အကြူးရိုင်းစိုင်းစွာပြောဆိုတာမျိုး ရှောင်ကြဉ်‌ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဇာတ်လမ်းအစအဆုံးမှာ ဒါကိုပဲ လေးလေးနက်နက်တောင်းဆိုပါတယ်🛑

♡︎မောင့်မျက်သွယ်♡︎    
       အခန်း(၁)

"နင်ဘာပြောလိုက်တယ် ခြံရံ၊ ငါ့ကိုပြန်ပြောစမ်း"

ရုံးခန်းထဲတွင် ဟိန်းခနဲထွက်လာ‌သော ထိုအသံ၏ပိုင်ရှင်သည် ဓာတုဇန်မည်သော နှစ်ဆယ့်လေးနှစ်အရွယ်အမျိုးသားထံမှဖြစ်၏။

ဆိုဖာပေါ်တွင် ခပ်မတ်မတ်ထိုင်နေသည့် အမျိုးသမီးငယ်မှာ သူအပြစ်မလုပ်ထားသကဲ့သို့ မျက်နှာထားက ပကတိတည်ကြည်နေလျက်ပင်။

"နင်ကြားတာ အမှန်ပဲ ဓာတု၊ ငါ နင်နဲ့လက်မထပ်နိုင်တော့ဘူး"

ထိုစကားကိုထပ်ကြားရသည်နှင့် တစ်ပြိုင်နက် ဓာတုဇန်ကချက်ချင်းထလာကာ ထိုအမျိုးသမီးရှေ့တွင် လာရပ်၏။

"ဆူးခြံရံ နင်ရူးနေတာလား၊ နင်လက်မထပ်တာက အကြောင်းမဟုတ်ဘူးနော်၊ နောက်မှာမီးခိုးကြွက်လျှောက်ရှင်းရမှာတွေတစ်ပုံကြီးပဲ။ တခြားဟာတွေကိုမတွေးနဲ့ဦး မိဘတွေကိုဘယ်လိုပြောမလဲဆိုတာက အရင်စဉ်းစားလိုက်"

တားမြစ်ခြင်းမမည်သည့် စကားတို့ကိုဆိုနေသော ဓာတုကို ခြံရံမော့ကြည့်လိုက်၏။ ပွဲမဖျက်ပါနဲ့လားဆိုတဲ့ စကားတစ်ခွန်းမဆိုဘဲ တခြားအကြောင်းအရာကိုသာ ဆွဲသွင်း၍ပြောနေသောစကားတို့ကိုကြည့်ခြင်းအားဖြင့် ဓာတုရဲ့မာနအကြောင်းကို အတပ်သိနိုင်သည်။

"လူကြီးတွေပြောသမျှကို ငါပဲခံမှာမလို့ အဲ့ကိစ္စကိုနင်ခေါင်းထဲမထည့်လည်းရတယ်။ အခု နင်သိထားဖို့က ငါနင်နဲ့လက်မထပ်ဘူးဆိုတာပဲ"

"ဟ ဆူးခြံရံ နင်ပြောတော့အလွယ်လေး။ လက်တွေ့မှာ နင့်စကားတွေလောက်မလွယ်တာ နင်ရော ငါရောသိတယ်နော်။ ခြံရံ နင်အရူးထမနေနဲ့"

"ဓာတု နင့်စကားတွေက မသိရင် လူကြီးမိဘတွေကို တုန်နေအောင်ကြောက်ရတဲ့ပုံမျိုးနဲ့။ အဲ့လိုကြောက်စိတ်မျိုးနင့်မှာမရှိတာ ငါသိပြီးသား"

မောင့်မျက်သွယ်Where stories live. Discover now