အပိုင်း (၂) "တောင်တန်းမြေမှ မီးအိမ်ရှင်မလေး"

1.7K 136 0
                                    

မိုးလင်းစပြုထဲက ကလေးများ၏  အသံများ ကျွန်မ၏  အကြားစွမ်းရည်၌ ကြားရှိလို့လာခဲ့သည်။  လမ်းကို လေးလေးကန်ကန်နှင့်ပဲ ကျွန်မလျှောက်ပြီး  ပြတင်းစီသို့ ဦးတည်လိုက်သည်။

နှင်းများကို လက်နှင့် စုပ်ပြီး  တစ်ဦးနှင့် တစ်ဦး
ပြစ်ပေါက်တမ်း ကစားနေကြသည့် ကလေးများ ကျွန်မ၏ အမြင်အာရုံထဲသို့ နေရာယူလာခဲ့သည်။
ခြံစည်းရိုး မရှိသည့်  ဤဒေသတွင် အိမ်တစ်အိမ်နှင့် တစ်အိမ်ဆိုသည်မှာလည်း ထိစပ်မတတ် ရှိပြီး   တစ်အိမ်ကို တစ်အိမ်မှ နေရျ် မြင်နေရသည်လည်း ဖြစ်သည်။ ကလေးတွေ ကစားနေသည့် ပုံသဏ္ဌာန်ဟာ ဘာနှင့် ခိုင်းနှိုင်းရမလဲဆို  ကိုရီးယား  အပိုင်းတွဲများထဲတွင် ပါရှိသည့် နှင်းများနှင့်  ကစားကြသော ကလေးများနှင့်ပင် တူနေကြပေသည်။  ဤဒေသဟာ   မြန်မာ လူမျိုးခြင်းပင် မသိသည့်  အလှတရား ကြွယ်ဝသော    နေရပ်တစ်ခု ။ မသိလျှင် ကိုရီးယား ၊ ဥရောပ ဟု ထင်မြင်သွားစေသည့် အရပ် ။  ကျွန်မပင် ယခု  ဤအရပ်ကို  ကိုရီးယားနှင့်  ခိုင်းနှိုင်းလိုက်သည် မဟုတ်ပါလော။

လမ်းပန်း ဆက်သွယ်ရေး ကောင်းပါက ဒီဘက် ပေါက်ရောက်မှာတွေ များများနှင့် ။  ကျွန်မ ဒီအချိန်တွင်တော့ မည်သူ့ကို အပြစ်တင်လို့  တင်ရမှန်း မသိရင်း ဤရွက်ပုန်းသီး ရွာလေးအတွက်  ကျွန်မထံမှ  ပထမဆုံးအနေနှင့်  စိတ်မကောင်းခြင်းများ ရှိလာခဲ့ပေသည်။

" ဒေါ်ဒေါ် နူး ဘယ်သွားမလဲ  ရှင့် "

"ဈေးဆိုင်သွားပြီး လိုအပ်တာလေး  သွားဝယ်မလို့  ၊  ရေလှိုင်း လိုက်ချင်လို့လား "

ကျွန်မ နှစ်ခါ ခေါ်စရာပင်မလို ၊ မငြင်းစွာနှင့် ​
အန်တီနူးနှင့်အတူ  ဈေးဆိုင်စီသို့ လိုက်ပါသွားလိုက်သည်။ ဤဒေသသို့ ကျွန်မရောက်ရှိနေသည်မှာ မကြာသေးသည် ဆိုပေမယ့်   ရည်မွန်ပြီး ဧည့်ဝတ်ကျေသည့်  ဦးနော်ဂျာအောင်နှင့်  အန်တီ ရန်နူးကို   ကျွန်မ စိတ်ရင်းနှင့် ခင်မင်နေမိပြီး ကျွန်မ စီမှ  အခေါ်အဝေါ်တွေပင် ပြောင်းလဲနေခဲ့သည်။

သွားရေး လာရေး ခက်ခဲပြီး   နှင်းအမြဲဖုံးနေသည့် ဒေသ ဖြစ်ရျ်   သစ်ပင် ၊ ပန်းပင်များကိုတော့  နေရာတိုင်းလိုလိုတွင် ကွက်တိကွက်ကျားစွာနှင့် တွေ့မြင်ရလေသည်။ စနစ်တကျ  သေချာ စိုက်ပျိုးပြီး ဝင်ငွေ ရှာပါက  အမှန်အကန်ကို ငွေရမည့် အရပ် ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါက  ပန်းပွဲတော်နှင့် အမည်ကြီးသော   ပြင်ဦးလွင် (သ်ို့မဟုတ် ) မေမြို့ကဲ့သို့ပင် ပန်းများကို အလှဆင်ပြီး ပန်းပွဲတော်ကို ဆယ့်နှစ်လလုံး  လုပ်လို့ ရသည့် အရပ် ​ဒေသ ။

"မီးအိမ်ရှင်မလေး ---!" (complete)Where stories live. Discover now