Chapter 17: SURPRISE !

753 92 53
                                    






​ညဉ့်နက်ချိန်ဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ကာ အေးချမ်းမှုကိုခံစားနေရသည်။ ဒါပေမဲ့ ဂျယ်ယွန်းတော့ ပိုပြီးချမ်းနေတဲ့ပုံ။
နဂိုကတည်းက အားနည်းတဲ့လူမဟုတ်သော်လည်း ဆောင်းတွင်းရောက်တော့မှာမို့ အပူချိန်လျော့ကျကုန်ပြီ။ အခန်းထဲ လေအေးပေးစက်မဖွင့်ထားပါဘူး။ ဒါပေမဲ့ အေးစိမ့်စိမ်ဖြစ်လာတယ်။

အခုထိအိပ်ရေးမဝသေးပေမယ့် အိပ်ချင်မူးတူးမျက်လုံးလေးတွေဟာ ဘေးပတ်ဝန်းကျင်ကိုကြည့်မိသည်။ ဟုတ်လည်း ဟုတ်သည်။ ဂျယ်ယွန်းက စောင်တွေအကုန်ကန်ထားတော့ အေးနေမှာပေါ့။

ခြေရင်းအောက်က စောင်တွေကိုမယူချင်လောက်အောင် ပျင်းလွန်းတယ်။ထို့အတူ ခန္ဓာကိုယ်ကအေးစိမ့်စိမ့်ခံစားချက်ကလည်း ဘယ်လိုမှနေလို့မရဘူး။

ဒါပေမဲ့တော်သေးသည်။ ဆောင်းဟွန်းက သူ့ဘေးနားမှာ အိပ်စက်နေတယ်။ ဂျယ်ယွန်း အိပ်ချင်မူးတူးနဲ့ပြုံးလိုက်ကာ ဆောင်းဟွန်းဘက်သို့ တမင်တိုးသွား၍ ထိုသူရဲ့စောင်ကိုပါရောခြုံလိုက်သေးတယ်။ ဒါ့အပြင် ဆောင်းဟွန်းရင်ခွင်ထဲမှာ အနွေးဓာတ်ယူလိုက်ရတော့ ဂျယ်ယွန်းပိုပြီးပျော်နေရသည်။

ခန္ဓာကိုယ်နွေးထွေးရုံသာမက နှလုံးသားလေးပါနွေးထွေးသွားတော့ အများကြီးအဆင်ပြေတယ်။ဂျယ်ယွန်း ဤကိုအတည်ပြုလိုက်ပြီးနောက် ဆောင်းဟွန်းရင်ခွင်ထဲမှာပဲ အိပ်ပျော်သွားခဲ့သည်။


အချိန်ကုန်မြန်ကာ နာရီပေါင်းများစွာကုန်ဆုံးပြီးနောက် မနက်ခင်းအချိန်သို့ရောက်ရှိလာတယ်။ နေမင်းကြီးက သူ့ရဲ့မူပိုင်စူးရှလွန်းတဲ့နေရောင်ခြည်ကို ထုတ်လွှင့်၍ အခန်းထဲထိထိုးဖောက်ဝင်ရောက်လာ၏။ လိုက်ကာများမည်မျှကာရံထားပါစေ ထိုရောင်ခြည်များက အခန်းထဲရောက်ရှိနေဆဲ။

ဒီနေ့ဟာ ပိတ်ရက်ဖြစ်တာကြောင့်ပုံမှန်လို ဂျယ်ယွန်း နိုးစက်မပေးထားခဲ့ဘူး။ဒါ့ကြောင့် ဘာသံမှမကြားခဲ့ရချေ။သို့သော်လည်း ဦးစွာအိပ်ရာထဲက နိုးထလာခဲ့သူဟာ ဆောင်းဟွန်းဖြစ်နေသည်။

သူနိုးလာတော့ ရင်ခွင်ထဲကအသေးလေးကို သတိထားမိလိုက်တယ်။နှစ်ယောက်အိပ်ကုတင်မဟုတ်ပေမယ့် လူနှစ်ယောက်အိပ်ဖို့အတွက် အတော်အသင့်လုံလောက်ပါသည်။ဂျယ်ယွန်းဘက်က နေရာအများကြီးရှိသော်လည်း သူဟာ ဆောင်းဟွန်းရင်ခွင်ထဲအိပ်ရတာကို ပျော်နေပုံရတယ်။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now