မောင့် .. မမခိုင် Part I
Zawgyi
အဲ့ဒီနေ့ကသာ သူမနဲ့ ကျွန်တော်မဆုံတွေ့ခဲ့ကြလျှင် သိကျွမ်းခွင့်မရခဲ့လျှင် ကျွန်တော် အချစ်ဆိုတာကို အလေးအနက် ထားဖြစ်ခဲ့မယ်မထင်ပါဘူး။
ကျွန်တော့်နမည်က ဆောင်းငုံဖူး ဒီနှစ်မှ ဆယ်တန်းကျလို့ ပြန်ဖြေမယ့် ကျောင်းသူပေါ့။
စာလဲ မလုပ်ပါဘူး ။ အပေါင်းအသင်းတွေနဲ့ ဟေးလားဝါးလား ရည်းစားထည်လဲတွေနေတက်တဲ့ ခပ်ပေါ့ပေါ့မိန်းကလေးတစ်ယောက်ပေါ့။သူမ နဲ့ မတွေ့ခင် အထိပေါ့။အဲ့ဒီနေ့က ကျွန်တော့အဒေါ်ရဲ့ မင်္ဂလာဆောင်။
မင်္ဂလာသီချင်းသံ ချိုချိုလေး ပျံ့လွင့်နေသော မင်္ဂလာခန်းမထဲ၌ ဧည့်ပရိတ်အစုံအလင် ရောက်ရှိနေကြပြီ။
ပန်းနုရောင် မြန်မာထိုင်မသိမ်းနှင့် ဆံထုံးပုံ့ပုံ့လေးထုံးကာ နှင်းဆီအတုပန်းစည်းပန်းရောင်လေးနဲ့ ဒေါ်လေးက အတော်လှနေပါ၏။
သတိုးသမီးအရံအဖြစ်လုပ်ရမှာ သိပ်စိတ်မပါပေမယ့် အဒေါ်ရင်းကြီးလဲဖြစ် ဝတ်စုံကလဲ သူချုပ်ပေးထားတာဆိုတော့ အောင့်အီးသည်းခံကာ မြန်မာဝတ်စုံ ပန်းနုရောင်ချိတ်ကြီး ဝတ်ကာ ပိပိရိရိ မိန်းကလေးဆန်ပြနေရတာ သိပ်မလွယ်လှ။ ပုံမှန်ဆို ဆောင်းငုံဖူးတို့က ထမိန်ဆို ချောင်ထိုးထားတက်တာ။"တီတီလေး သတိုးသမီးအရံက နှစ်ယောက်ဆို အဲ့တယောက်က အခုဘယ်မှာလဲ "
ဟုတ်တယ်။ မင်္ဂလာပွဲက စတော့မယ်။ လျှောက်လမ်းပေါ် လျှောက်ရရင် သတိုးသမီးအရံက နောက် လိုက်ရမယ်လေ ။ အခုဟာ ပျောက်နေတယ်။
"လာမှာ ပြောထားတယ် မခိုင်က နောက်ကျနေတာနေမှာ"
သတိုးသမီးဖြစ်သူ ကေသွယ်ဇင်က တူမ ဖြစ်တဲ့ ကျွန်တော့်ကို ပြန်ပြောခြင်းပါ။
"လာပါပြီ သတိုးသမီးအရံလေး ဟောဒီမှါ မိတ်ကပ်လူးနေလို့ "
ရွှတ်နောက်နောက်လေသံနဲ့ ပြောရင်း ဝင်လာသူက တီလေးခင်ပွန်းဖြစ်လာမယ့် သတိုးသားဝေယံမင်း။
"ဘယ်မှာလဲ ဉီးဝေရဲ့ "
ဆောင်းငုံဖူး ဉီးဝေရဲ့နောက်ကျောကို ကျော်ကြည့်ပြီး မေးလိုက်တော့ ဉီးဝေရဲ့ နောက်ကျောက အရိပ်လေး။
ပန်းနုရောင် ချိတ်ဝမ်းဆက်လေးက ဖြူပြီးနုနေသော အသားအရေနဲ့ အလွန်လိုက်ဖက်လှပါ၏။
နုဖက်နေသော မျက်နှာလေးမှာ ပန်းနုရောင်ခြယ်သမှု့ပါးပါးလေးတွေနဲ့ အဲ့ကောင်မလေးက ခုမှပွင့်ဖို့ ဖူးငုံစ နှင်းဆီပန်းရောင် အဖူးလေးလိုပဲ။
ဆံပင် ရှည်ရှည်တွေကို တစ်လွှာ ရွှေဆံညှပ်နှင့် ညှပ်ကာ ကျန်တာတွေ အကုန်ချထားပုံက ဂန္တဝင် ဆန်လွန်းလှပါသည်။ ခြေဖဝါးနုနုမှာ ပန်းရောင် ပုံတော်ကတ္တီပါလေးနဲ့။
ခြုံငုံပြောရရင် သူမလေး သိပ်ကို နန်းဆန်လွန်းပါသည်။
YOU ARE READING
မောင့် ....မမခိုင် (Short Story){U+Z}
Romanceဘဝမှာ ပထမဆုံး ချစ်မိတဲ့ မိန်းမက မမခိုင်ပဲ အန်တီလို့ မခေါ်ချင်ဖူး မမလို့ပဲခေါ်မှာ မကျေနပ်ရင် ကျွန်တော့်ကို မောင် လို့ ပြန်ခေါ်လေ။