ESCAPE 1

39 4 0
                                    

ESCAPE1

မနက် အရုဏ်တက် သူရိယ နေမင်းကြီးကလည်း လောကကြီးကို အလင်းပေးနိုင်ဖို့ အရှေ့ရပ်ကနေ ထွက်ရန် အားယူနေသည့်အချိန်

တိတ်ဆိတ် နေသော နန်းတော်သဖွယ် အိမ်ကြီး ထဲမှာ အပူပင် ကင်းကင်း နဲ့အိပ်ပျော်နေသည့် ကောင်လေးတစ်ယောက်ရှိသည်။

အခန်းငယ်ထဲမှာ အိပ်နေသည့် ကောင်လေးဟာ အိပ်မက်လှလှ မက်နေသည် ထင်ပါရဲ့ မျက်နှာလေးဟာ ပြုံးယောင်သန်းနေသည်။
ထိုအပြုံးတွေဟာ အိပ်မက်ထဲမှာသာ အသက်ဝင်နေပေမယ့် လက်တွေ့မှာရော အသက်ဝင်နိုင်ပါ့မလား?

မနက်7နာရီ နှိုးစက်ကလည်းတတောင်တောင် နေရောင်ခြည်ကလည်း ပြတင်းပေါက်ကနေ မျက်နှာပေါ်သို့ တိုက်ရိုက်ကျနေသောကြောင့် ထယ်ယောင်းနိိုးလာခဲ့သည်။

အိပ်ချင်မူးတူးနဲ့နှိုးစက် ကို ပိတ်လိုက်ပီး ကျောင်းသွားဖို့ ပြင်ဆင်ရန် ရေချိုးခန်းထဲသို့တန်း ဝင်လာခဲ့သည်။

ဒါဟာ ထယ်ယောင်းရဲ့နေ့စဥ်ဘဝ။ အဖေနဲ့အမေက ချမ်းသာသောမျိုးရိုးမှဖြစ်သော်လည်း ချစ်လို့လက်ထက်ခဲ့ကြသည်မဟုတ် ရေမြေရပ်ခြားမှာသာ သူတို့ရဲ့စီးပွားရေးအတွက် ကိုယ်စီလုံးပန်းနေကြသည်။

ထယ်ယောင်းဟာ ငယ်ငယ်လေးကတည်းက ဒီအိမ်ကြီးထဲမှာ စည်းစိမ်အပြည့် အခြွေရံတွေနဲ့ နေခဲ့ရသော်လည်း ဂရုစိုက်မည့် သူမရှိ ပျော်ရွှင်စရာလည်းမရှိ အရာအားလုံးဟာ အထီးကျန်ဆန်စွာ ဖြစ်တည်နေပီး အချစ်မပါတဲ့အိမ်ထောင်ရေးတစ်ခုမှာ မြေစာပင် ဖြစ်ခဲ့ရသည်။

ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုရင် ထယ်ယောင်းလိုချင်တာ အချစ်စစ်နဲ့ သာယာအေးချမ်းသော မိသားစုဘဝလေးပင်။

ရေမိုးချိုး အပြီး shirt လက်ရှည်အဖြူနှင့် Style Pant အမည်းရောင်လေးကို သာ ဝတ်ဆင်လိုက်သည်။ထို့နောက် ဆံပင်တွေကို လက်နဲ့ ဖွလိုက်ပီး ပါဝါမျက်မှန် လေးထောင့်အမည်းလေးတပ်ကာ လွယ်အိတ်ယူပီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။

အိမ်ဖော် များမှာလည်းသံပတ်ပေးထားသည့် အရုပ်တွေ အလား သူတို့တာဝန်ကိုသာ လုပ်နေပီး အပိုစကားတစ်ခွန်းမှ မပြောကြ။

ESCAPE//KV//Where stories live. Discover now