မွေးဖွားခြင်း သေဆုံးခြင်း ဆိုတဲ့ ကာလအပိုင်းခြားတစ်ခု တိုတိုလေးထဲမှာ ကျွန်တော် တို့လူတွေဟာ ပျော်ကြ ရွှင်ကြ ရယ်ကြ ငိုကြ ချစ်ကြ မုန်းကြ စိတ်အထွေထွေ လူအမျိုးမျိုးတွေနဲ့ လောကဓံ လိုင်းလုံးတွေကြားမှာ ငုတ်တစ်ခါပေါ်ချည်တစ်လှည့် ဘဝ ခရီးလည်ပတ် နေခဲ့ကြတယ်.....
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် တောင်တန်းပြာ ရွာ လေးမှာကျွန်တော့် ဘဝ ကြီးစတင်ခဲ့တာပေါ့လေ..
၁၉၉၈ နတ်တော်လပြည့်ကျော် ၃ ရက်နေ့မှာ ကျွန်တော့်ကို မွေးဖွားခဲ့တာ အခုဆို ၉ နှစ်သားအရွယ် ကျွန်တော်က အခြေခံပညာ မူလတန်း တွဲဘက် စတုတ္ထတန်း မှာ ပညာဆည်းပူးနေခဲ့တယ်.......။
ကျောင်းတက်ချိန် ကို ကိုယ်စားပြုတဲ့ သံချောင်းခေါက်သံ တစ် ဒိုင်ဒိုင်ကြားလေ ချမ်းဝေ ရဲ့ နှလုံးခုန်နှုန်း တွေက ပိုပြီးမြန်လာ ကာ သူ့ခြေထောက် လေးတွေ ကို ပိုပြီးအရှိန်တင်နေမိတယ် ၊ ဒီနေ့ သူ ကျောင်းနောက်ကျသွားပြီ ကောက်စိုက်သွားတဲ့ မေမေ့ ကို စောင့်ရင်း အိမ်မှာ ရေခပ် ၊ ညီမလေး ကို ထိန်းရင်းနဲ့
နာရီ ကို မကြည့်မိတဲ့သူ ရွာလမ်းမ ကြီး ကို လျှောက်နေတုန်းပဲ ကျောင်းတက် သံချောင်းခေါက်သံကို ကြားလိုက်ရပြီ ၊ ကျောင်းရှေ့ရောက်တော့ နိုင်ငံတော်အလံကို အလေးပြုပြီး ကျောင်းပေါ်ရောက်နေကြပြီ၊ သူငယ်တန်း ကနေ စတုတ္ထတန်း ထိပဲရှိတဲ့ အခြေခံပညာ မူလတန်းတွဲဘက်ကျောင်းလေးမှာ ရွာသူ/ရွာသား တွေ ပေါင်းပြီးငှားထားတဲ့ အငှားဆရာ တစ်ယောက်ပဲရှိပါတယ်၊ ချမ်းဝေ ရောက်သွားတော့ ဆရာက"သား နောက်ကျပြန်ပြီ ၊လာလာ အမေ က ကောက်စိုက်သွားလို့ ကလေးထိန်းနေရပြန်တာလား ထိုင်"
၄ ယောက်တစ်ခုံ ထိုင်ရတဲ့ခုံတန်းရှည် ပထမတန်းမှာ သူဝင်ထိုင်လိုက်တယ် သူ့ဘေးမှာက တောင်တန်းပြာ ရွာက ပိုက်ဆံအရှိဆုံးဖြစ်တဲ့ ဒေါ်စန်းယဥ် ရဲ့သားအငယ် ချစ်မွှေးပိုင် ၊ သူ ဝင်ထိုင်ပြီးတော့ ဆရာ ကမြေဖြူလေးကိုင်ပြီးတော့ ဆက်ပြောပြန်တယ်
"ချမ်းဝေ က တော့ ရှေ့နှစ်ကို အလယ်တန်း တက်ရင် ဘယ်လိုလုပ်မလဲ ကျွန်းသာ ကို သွားရတော့မှာ အခု မူလတန်းက ကိုယ့်ရွာနဲ့ ကိုယ်ဆိုတော့ နောက်ကျလဲအရေးမကြီးပေမယ့် ၅ တန်းရောက်ရင် သူများရွာ ကိုဆိုတော့စောစော သွားမှ ရတော့မှာလေ ဒါပေမယ့် သား ညီမ လဲ ထိန်းဖို့မလိုတော့ပါဘူးလေ သား ညီမ က ဘယ်အရွယ်ရှိပြီလဲ ၅နှစ်လားသား..?
YOU ARE READING
Love Hope
Romanceကိုယ့်အတွက် အချစ်ဆိုတာ မျှော်လင့်ခြင်း တစ်ခုသာသာပါပဲ ... ဒါမှမဟုတ် မက်ခွင့်မရှိတဲ့ စိတ်ကူးယဥ်အတွေး သက်သက် ... သူ ဟာ ကိုယ့်အတွက် တိမ်လို လေလို အနီးဆုံးမှာရှိနေပေမယ့် ဖမ်းဆုပ်ခွင့်မရှိတဲ့ ၊ မြင်နေရပေမယ့် လက်လှမ်းမမှီနိုင်တဲ့ သက်ရှိအရာလေး