မောင့်..မမခိုင်
အလန့်တကြားနောက်ဆုပ်ရင်း ကုတင်ပေါ်လဲကျသွားတဲ့ ကျွန်မကို ဆောင်းက ကြည့်ပြီး ခပ်လွန့်လွန့်ပြုံးပြန်၏။
"မင်း ရှေ့မတိုးလာနဲ့နော် ဆောင်း "
"ဘာလို့လဲ ဒီနေ့ မမ ကို မိန်းကလေးချင်း ဘယ်လိုချစ်လို့ရလဲဆိုတာ ပြောပြမလို့လေ"
အင်္ကျီကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်ရင်းရှေ့တိုးလာသော ဆောင်းကြောင့် ကျွန်မ ရင်တွေလဲ ခုန်သလို ရင်တွေလဲ တုန်ရပါသည်။ ဒီကောင်မလေးဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
ခိုင်ခင်ဦး ကုတင်ပေါ်လှဲနေရာမှ ကုန်းကျုံးထလိုက်သော်လည်း ဆောင်းက ကုတင်ပေါ်လွှားခနဲတက်လာပြီး ခုန်အုပ်ခြင်းခံလိုက်ရသဖြင့် မလှုပ်သာမလွင့်သာ ။"မင်း မင်း ဖယ်စမ်း ငါ့ပေါ်က "
"မဖယ်ဖူး "
စကားကို တစ်လုံးချင်းစွဲပြောကာ ခိုင်ခင်ဦးမျက်နှာကို တစိမ့်စိမ့်ကြည့်နေသော ဆောင်းရဲ့မျက်လုံးများက ဖယောင်းတိုင်မီးမှိန်မှိန်အောက်မှာ သိပ်ကို ညှို့ချက်ပြင်းနေခဲ့ပါတယ်။ ရုန်းကန်တွန်းထိုးနေတဲ့ မမရဲ့လက်တွေကို ဖိချုပ်ထားလိုက်ပြီး မမရဲ့ နှုတ်ခမ်းတွေကို နယ်ကျော်တော့ ခေါင်းတွေ ဘယ်ညာယှိင်းကာ ရှောင်၏။
မမက ခေါင်းကို လက်နဲ့ထိန်းကာ မျက်နှာအနှံ့အပြားကို အနမ်းမိုးတွေအတင်းရွာချလိုက်ပါ၏။"ဖယ် ဖယ်စမ်း အင်း အွန်း "
ကလေးက သိပ်ကြောက်စရာကောင်းတဲ့ နတ်ဆိုးလိုပဲ။ အသက်အရွယ်ချင်းမမျှတဲ့ လူကြီးလူငယ်အားမို့လားမသိ။ ကလေးက အထိအတွေ့လက်တွေ နှုတ်ခမ်းပါးတွေနဲ့ မျက်လုံးညှို့ချက်တွေအောက်မှာ ကျွန်မငြင်းဆန်နိုင်မှု့Levelတွေ တက်မလာခဲ့ပါဘူး။ သူမရဲ့လက်ချောင်းတွေ အပြုအမူတွေက စပါးကြီးမြွေထက်တောင် ညှိုငင်အားတွေကောင်းလှတာမို့။
မျက်နှာအနံှ့ှအနမ်းခံရပြီးတဲ့နောက် ကလေးနှုတ်ခမ်းတွေက ကျွန်မနှုတ်ခမ်းတွေနဲ့ ထပ်တူကြကာ စုပ်လုံးစုပ်သလိုအကြမ်းပတမ်းစားသုံးနေပါ၏။ လျှာဖျားလေးက နှုတ်ခမ်းကို လာလာထိကာ ဖွင့်ဖို့ ခွင့်တောင်းနေတာမို့ အံကိုကြီတ်ကာ ပါးစပ်ကို တင်းတင်းစေ့ထားလိုက်မိ၏။
ကျွန်မမျက်လုံးေတွကို ဆောင်းက တည့့်တည့့်ကြည့်ပြီး အလိုမကျဟန်မျက်မှောင်ကျုံကာ နှုတ်ခမ်းပါးတွေကို သွားစွယ်နဲ့ဖိချလိုက်၏။
CITEȘTI
မောင့် ....မမခိုင် (Short Story){U+Z}
Dragosteဘဝမှာ ပထမဆုံး ချစ်မိတဲ့ မိန်းမက မမခိုင်ပဲ အန်တီလို့ မခေါ်ချင်ဖူး မမလို့ပဲခေါ်မှာ မကျေနပ်ရင် ကျွန်တော့်ကို မောင် လို့ ပြန်ခေါ်လေ။