Ch 33.2

4.6K 382 23
                                    

[A/N Thank you guys for 70k viewsss!!!!! 😭 OMG! စာရေးဖို့Wpထဲဝင်ဝင်ချင်းတွေ့လိုက်ရတာ အပျော်လွန်ပြီး ဖုန်းပါလွတ်ကျတယ်]

ဆေးရုံကုတင်ပေါ်တွင်ဖြူဖျော့စွာလှဲနေသော ဂျီဟျွန်းလေး မနိုးလာသည်မှာ၂ရက်ပင်ရှိပြီ။ဆရာဝန်များက သွေးထွက်များသွားသည့်အပြင် Stressတွေပါရှိသည်ကြောင့်ခန္ဓာကိုယ်ကအနားယူနေတာဟုပြောသော်လဲသူမမှာရင်မအေးနိုင်။ဂျီဟျွန်းလေးဆေးရုံတက်နေရမှန်းကိုရော အဖြစ်မှန်များကိုပါ ဆုန်းသခင်ကြီးနှင့် ကိုကြီးတို့ကသိသွား၍ Cနိုင်ငံသို့ရောက်ချလာလေသည်။

ယခုတော့ ဆေးရုံခန်းထဲတွင် ယွန်းဟွာတစ်ယောက်တည်းရှိနေပြီး ကိုကြီးနှင့်ဆုန်းသခင်ကြီးမှာ ဟိုတယ်တွင်နားနေ၍ မရှိပေ။ယွန်းဟွာသည် အောက်စီဂျင်ပိုက်များသွယ်တန်းလျက်အိပ်ပျော်နေသော ဂျီဟျွန်းလေးကိုကြည့်ကာ ရင်ထဲတသိမ့်သိမ့်ဖြင့်ချစ်ခြင်းတို့လှိုက်ဖိုတက်လာရသည်။

   "ဒီကလေးလေးက မမအတွက်ရဲရင့်ပေးခဲ့တာ၊ အင်အားကြီးအောင်ကြိုးစားခဲ့တာတွေကိုတွေးမိရင် အချစ်ခံရတာကံကောင်းလိုက်တာလို့ ခဏခဏကိုတွေးမိတဲ့အထိပဲ..."

   "ဟင်း~~ ကလေးလေးနိုးလာရင် မမနဲ့အတူလက်ထပ်ကြမယ်..လက်ထပ်လက်စွပ်ကို ရိုးရိုးလေးနဲ့အလှဆုံးဖြစ်နေမဲ့ဟာလေးမှာမယ်၊ ပြီးတော့ ကမ်းခြေမှာ မင်္ဂလာဆောင်ကြမယ်...၊ ဟိဟိ..ပြီးတော့ ကလေးလေးအတွက်လဲ ကလေးပိစိလေးတွေမွေးပေးဦးမှာ..."

သူမ ဘာသာပြောလိုက် တွေးလိုက်နှင့် ကြည်နူးနေမိစဉ်

   "ရေ---"

   "ဟင်?"

ဂျီဟျွန်းသည် မျက်လုံးမပွင့်တပွင့်ဖြင့် ခြောက်ကပ်နေသောနှုတ်ခမ်းအစုံကိုဖွင့်ဟကာ ရေတောင်းလာလေသည်။

   "ဟျွန်း...ဟျွန်းလေး နိုးလာပြီ..နိုးလာပြီပဲ..Nurse!!Nurse!!"

ဝမ်းသာအားရဖြင့် နာ့စ်ကိုအော်ခေါ်နေသောယွန်းဟွာသည် ဆရာဝန်ကိုခေါ်၍ရသည့် ခလုတ်ကိုတော့မေ့နေခဲ့ပါသည်။ဟျွန်းလေးအတွက် ရေကို ဂွမ်းစလေးဖြင့်ယူကာ အစက်ချတိုက်နေစဥ်မှာပင် ဆရာဝန်တစ်သိုက်ကဝင်လာကာ စမ်းသပ်၍

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Where stories live. Discover now