Part III
ညနေ ၅:၃၀။
အိမ်အမြန်ပြန်ရောက်ချင်စိတ်က များနေသောကြောင့် စက်ဘီးကို အသကုန်နင်းလာခဲ့၏။
ဒီနေ့မှ အလုပ်က OT မိနေခြင်း။ ပုံမှန်ဆို ၅ နာရီပြန်လွှတ်နေကြ။
မမခိုင် ကို တွေ့ချင်လှပြီ။"ကျွီ "
ရုတ်တရက်ကြီး လမ်းကြားထဲက ပြေးထွက်လာတဲ့ ကလေးတစ်အုပ်ကြောင့် ဘရိတ်ကို အသကုန်ညှစ်လိုက်ရတဲ့အဖြစ်။
"ဒီကလေးတွေကွာ "
လမ်းကြားထဲရောက်တော့ ဆေးဆိုင်က အစ်မက လှမ်းနှုတ်ဆက်၏။
"ပြန်လာပြီလား ဆောင်းရေ"
"ဟုတ် ပြန်လာပြီ အစ်မ "
"ဆောင်း ခနလေး "
ထိုအစ်မရဲ့ခေါ်သံထက် အိမ်ပြန်ရောက်ဖို့က ပိုစိတ်သန်နေတာမို့ နောက်ပြန်လှည့်မကြည့်ခဲ့။
"မမခိုင် မမခိုင်ရေ "
အိမ်တံခါးက ဟောင်းလောင်း နောက်ဖေးရောက်နေတာမြန်းလား မမခိုင်ကလေ ရှေ့တံခါးပိတ်ထားပါဆို။
စက်ဘီးကို တစပ်မြိတ်အောက် ကပ်ရပ်ပြီး ချိုင့်လေးဆွဲကာ အိမ်ပေါ်တက်လာခဲ့၏။
"မမခိုင် မောင် ပြန်ရောက်ပြီလေ "
လုံးဝတိတ်ဆိတ်နေတဲ့ ပုံစံ။ သိပ်တော့ သဘာဝမကျချင်။ အိမ်ပြန်ရောက်ရင် အမြဲရနေကြ ထမင်းနံ့လေးက အခုလက်ရှိ လုံးဝမရ။ ချုပ်လက်စ ပိတ်စတွေက စက်ပေါ်မှာ ဒီအတိုင်း။ အခန်းထဲမှာ မြန်းလား။
အရိပ်လေးတောင်မရှိ ။ သူတို့နှစ်ယောက်ရဲ့ အခန်းငယ်လေးမှာ ဖျာချောလေးတစ်ချပ် ကုတင်လေးတစ်လုံးပေါ်မှာ အိပ်ယာခင်းအစုံတစ်ခုကလွဲလို့ အရာရာခြောက်ကပ်။
နောက်ဖေးမှာ အဝတ်လှန်းနေတာမြန်းလား သွားကြည့်တော့လဲမရှိ။"မမခိုင် ...မမခိုင်...အား ...ကျွန်တော့ဆီက ထွက်ပြေးသွားတာလား"
"ဂျိန်း ခလွမ်း "
လက်ထဲကိုင်ထားတဲ့ ချိုင့်ကို အဝေးကို လွင့်ပြစ်လိုက်ပြီး စိတ်ရှိလက်ရှိအော်ငိုမိတဲ့အထိ။
"ဆောင်း"
အိမ်မပေါ်က ဝုန်းဒိုင်းကျဲသံကြောင့် အိမ်ပေါ်အပြေးအလွှားတက်လာပြီး မသန္တာခေါ်မိ၏။
သူမထင်ထားတဲ့ အတိုင်း အိမ်ပေါ်မှာ ပစ္စည်းအားလုံးဖရိုဖရဲ နံရံထောင့်မှာ ကြမ်းပြင်ကို လက်သီးနဲ့တဒုန်းဒုန်းထုရင်း အော်ငိုနေတဲ့ ဆောင်း။
KAMU SEDANG MEMBACA
မောင့် ....မမခိုင် (Short Story){U+Z}
Romansaဘဝမှာ ပထမဆုံး ချစ်မိတဲ့ မိန်းမက မမခိုင်ပဲ အန်တီလို့ မခေါ်ချင်ဖူး မမလို့ပဲခေါ်မှာ မကျေနပ်ရင် ကျွန်တော့်ကို မောင် လို့ ပြန်ခေါ်လေ။