နေ့ရက်တွေ၊လတွေ အလီလီပြောင်းလဲသွားပြီးနောက် တဖြည်းဖြည်းအဆင်ပြေလာခဲ့တယ်။ ၅နှစ်ဆိုတဲ့အချိန်က ကောင်းကောင်းကုစားနိုင်ခဲ့သည်ထင်ရဲ့။
အခုတော့ သူကောင်းကောင်းရှင်သန်နေတုန်းပါ။နှစ်ဆယ့်ခုနှစ်နှစ်ဆိုတာက သုံးဆယ်ပြည့်ဖို့ နည်းနည်းပဲလိုတော့တာ၊ ဒါပေမဲ့ ဂျယ်ယွန်းက သူ့ကိုယ်သူကျေနပ်နေရင်း အသက်အရွယ်ကိုတောင် မေ့လျော့နေခဲ့သည်။
အရင်က ဖြစ်ချင်ခဲ့တာဟာ ကမ္ဘာပတ်ပြီးအဆိုတော်လုပ်ဖို့ဖြစ်သော် လက်ရှိ၌တော့ Vocal coach(အဆိုပိုင်းဆိုင်ရာနည်းပြ) ဖြစ်နေခဲ့တယ်။ သို့သော် စင်စစ်ကား နည်းပြမဟုတ်သေးတဲ့ ညွှန်ကြားသူ အဆင့်သာရှိသေးသည်။ လတ်တလောမှာ ဖျော်ဖြေရေးကုမ္ပဏီတစ်ခု/နှစ်ခုရဲ့ သင်တန်းသားတွေကို သင်ပြနေရသည်။ တစ်ဖက်မှာလည်း ဝါရင့်ဆရာကြီးတွေဆီက သင်ယူလေ့လာရင်း ဒါကိုကျော်ဖြတ်နေခဲ့တယ်။
ယင်းကဲ့သို့ ဂျယ်ယွန်းရဲ့ဘဝက ဆိုးလ်မှာပဲအချိန်ကုန်လျက် အေးအေးဆေးဆေးနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းမိသည်။
" နီကိုးလက်စ် အခုတလော ဈေးရောင်းကောင်းတယ်နဲ့တူတယ် "
ဂျယ်ယွန်းဟာ သူ့ရဲ့အလုပ်ချိန်ပြီးတာနဲ့ နီကိုးလက်စ်ဆိုင်ကို တစ်ပတ်၄ရက်လောက်တော့ ပုံမှန်လာဖြစ်သည်။ တစ်ခါတလေကျတော့ ပိုက်ဆံမကုန်ချင်လို့ သူ့ဆိုင်မှာပဲ သောင်တင်ဖြစ်တာလည်း ခပ်များများ။
နီကိုးလက်စ်က ခေါက်ဆွဲဆိုင်နှင့်စားသောက်ဆိုင်တစ်ခုစီ ဖွင့်ထားတာမို့ ဂျယ်ယွန်းနဲ့ ကွက်တိဖြစ်သွားတယ်။ အရင်တုန်းကတော့ နီကိုးလက်စ် သူ့(ဂျယ်ယွန်း)ဆီက ဂုန်းဆင်းသလောက် အခုတော့ အပြန်အလှန်ဖြစ်သွားခဲ့သည်။
" ငါ့ကိုကြည့်စမ်းပါ ဂျယ်ယွန်း။ အားကိုမအားတာ ရောင်းရလွန်းလို့ "
" ဒါနဲ့ ပုံမှန်စားနေကျပဲမလား "
" အွန်း တစ်ခြားဟာပြောင်းစားမယ်။ ထိုင်ဝမ်ခေါက်ဆွဲ အမဲသားနဲ့ "
ဂျယ်ယွန်းက မီနူးကိုတစ်ချက်ကြည့်ပြီး နီကိုးလက်စ်ကိုပြော၏။ သူ့သူငယ်ချင်းက ဆိုင်ပိုင်ရှင်ဖြစ်သော်လည်း ဒီနေ့လိုလူကျတဲ့အချိန်ဆို ကိုယ်တိုင်အလုပ်ထဲထိရောက်လာတတ်တယ်။
YOU ARE READING
𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]
FanfictionSim Jaeyun, Jake is a music student from a famous university and had a boyfriend. His life is peaceful until he does not meet someone. Park Sunghoon is a handsome high school student who hides many secrets. Language- Burmese🇲🇲 ...