Chapter 25

697 91 58
                                    





အနောက်ကနေ တစ်စုံတစ်ယောက်လိုက်လာသလိုမျိုးခံစားရတာကြောင့် ဂျယ်ယွန်းနောက်ကျောမလုံသလိုလို ဖြစ်နေသည်။ တကယ်ဆို ဒီကုမ္ပဏီအကြီးကြီးမှာ လူတွေအများကြီးရှိပြီး သူ့ဘာသာအလုပ်ရှုပ်နေမှာ အသိသာကြီး။ ဒါပေမဲ့ အဲ့တစ်စုံတစ်ယောက်က ထူးထူးဆန်းဆန်းကိုမှ သူ့နောက်လိုက်လာနေတုန်း။

စာအုပ်တွေကိုင်ထဲသော သူ့လက်ချောင်းများက ချွေးစေးတွေထွက်နေပြီး လေးလံသော သက်ပြင်းချ၍ လှည့်ကြည့်ဖို့စဉ်းစားမိသည်။ သူနဲ့သိတာဆိုလို့ ကုမ္ပဏီကမန်နေဂျာတစ်ချို့နှင့် သင်တန်းသား အနည်းငယ်လောက်ပါပဲ။ ဒါတွေကြောင့် ဒီလူတွေမဖြစ်နိုင်ဘူးလို့တွေးမိရင်း ဂျယ်ယွန်းလှည့်ကြည့်လိုက်တယ်။

သို့သော် ကံကြမ္မာဖန်တီးထားသလိုမျိုး အချိန်တိုက်ဆိုင်စွာ သူ့လက်မောင်းက တစ်စုံတစ်ယောက်ဆွဲလှည့်တာခံလိုက်ရသည်။ ဂျယ်ယွန်း အံ့ဩလွန်းလို့ အော်လိုက်မိတော့မလို့ နည်းနည်းပဲလိုတော့ပေမယ့် မြင်လို့ရသည့်တစ်စုံတစ်ယောက်ကြောင့် မျက်လုံးလေးတွေ ဝိုင်းစက်လို့။

" ဘာ ပတ်ဆောင်းဟွန်း။ ဘာလို့မင်းဖြစ်နေတာလဲ "

" ဒီလာရင်း မထင်မှတ်ဘဲတွေ့လိုက်လို့။ ကျွန်တော်တို့စကားပြောကြရအောင်လား "

ဆောင်းဟွန်းက သူ့လက်မောင်းနှစ်ဖက်ကိုအသာအယာကိုင်ထားပြီး နူးညံ့သောအကြည့်တို့ဖြင့် ငေးစိုက်ကြည့်နေသည်။ အရင်တုန်းက ဒီအကြည့်တွေကြောင့် ဂျယ်ယွန်းနှလုံးသားလေးအရည်ပျော်ခဲ့ရဖူးတယ်။ ဒါပေမဲ့လည်း ဒါတွေအားလုံးက အတိတ်တွေပါပဲ။

သူသည် ဆောင်းဟွန်း၏ချောမောသောမျက်နှာကိုကြည့်နေရာမှ ချက်ချင်းအကြည့်လွဲလိုက်၍

" ဘာကိုပြောမှာလဲ။ မင်းနဲ့ပြောစရာမရှိဘူး။ သွားလိုက်တော့ "

" မဟုတ်ဘူးလေ ဘေဘီ တောင်းပန်စရာရှိလို့ ဒီမှာသေချာလေးတောင်းပန်ချင်တယ်။ သဘောမကျရင်တောင် ကျွန်တော့်စကားလေးနားထောင်ပေးပါဗျာ "

" ရား ငါမကြိုက်ပါဘူးဆိုမှ "

ဆောင်းဟွန်းက ညင်ညင်သာသာလေးချဉ်းကပ်သော် ဂျယ်ယွန်းက ဒေါသထွက်နေတဲ့လူတစ်ယောက်လို တုန့်ပြန်နေ၏။ဧကန်လည်း ဂျယ်ယွန်း ဒီ၅နှစ်လုံးလုံး သေလောက်အောင်ခံစားခဲ့ရတာကို ဆောင်းဟွန်းက တစ်ခါမှာဒီလိုလာမပြောခဲ့ဖူး။ အနည်းဆုံး ဖုန်းတောင်မဆက်ခဲ့တဲ့ လူဆီကလေ။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now