Chapter 26

687 85 26
                                    






" ဂွတ်ထ်မောနင်း ဘေဘီ "

ဆောင်းဟွန်းက မနက်စောစောစီးစီး သူ့ကိုပြုံးပြပြီး ပါးပြင်လေးကိုခပ်ဖွဖွနမ်းသည်။ ထို့နောက် နှုတ်ခမ်းလေးနဲ့ နဖူးပြင်ကိုပါ ကြင်ကြင်နာနာနမ်းလိုက်သည်။ တကယ်ပါပဲ ဆောင်းဟွန်းကြောင့် ရင်ခုန်နေရတာရူးတော့မှာ။

ဂျယ်ယွန်း မထချင်ပေမယ့် မျက်လုံးတွေက ဆောင်းဟွန်းကိုငေးကြည့်နေတယ်။ ဆောင်းဟွန်းက သူ့ရည်းစားလို့ကိုမပြောရဘူး အချိန်တိုင်းကိုကြည့်ကောင်းနေတာပဲ။

လက်ချောင်းလေးများဟာ ဆောင်းဟွန်းပါးပြင်ကို တို့ထိမလို့ဟန်ပြင်လိုက်စဉ်မှာ ခေါင်းထဲတစ်ခုခုကို သတိရသွားသည်။ ဘုရားသခင် မနေ့က..။
မနေ့ညက ဆောင်းဟွန်း သူ့အိမ်ကိုနောက်ထပ်လာလည်ပြီး စကားတွေပြောခဲ့တယ်။ အဲ့ဒီနောက် ဆိုင်တစ်ဆိုင်မှာညစာစားတယ်၊ အပြန်မှာ ကားပတ်စီးခဲ့တယ်။ပြီးနောက် ဂျယ်ယွန်းအိမ်ပြန်ရောက်တယ် ဒါပေမဲ့ ညက...။

အောက်နှုတ်ခမ်းကို အသာယာကိုက်မိရင်း ဆောင်းဟွန်းကိုတစ်ချက်ကြည့်သည်။

" ငါက အရမ်းလွယ်နေတာလား။ ချစ်တယ်ဆိုပေမယ့် ဒီလောက်ထိအရမ်း.."

" ကျွန်တော်အမှားလုပ်မိတာဝန်ခံပါတယ်။ ဒါပေမဲ့ မနေ့ညက ဘေဘီလည်း သဘောကျနေတာပဲလေဗျာ "

ဆောင်းဟွန်းက သူ့ကိုပြုံးပြုံးကြီးပြောပြီး နှုတ်ခမ်းတွေကိုလာနမ်းပြန်ပြီ။ ဘယ်လိုပဲနေနေ သူ့(ဆောင်းဟွန်း)ဘက်က နောက်ဆုတ်ရမှာကို။ ပြန်တွဲတာဖြင့် သုံးရက်ပဲရှိသေးတဲ့ဟာ အခုကြည့် အရမ်းကြီးမြန်လွန်းနေတယ်။

ရှက်လွန်းလို့ ဂျယ်ယွန်းစောင်ကိုခေါင်းမြီးခြုံဖို့ကြိုးစားလိုက်မိသည်။ ဒါပေမဲ့ ဆောင်းဟွန်းက သူ့ကိုတားဆီးထားပြီး ရင်ဘတ်အထိပဲဖုံးအုပ်ထားပေးတယ်။

" ဘေဘီလက်မခံနိုင်ဘူးဆိုတာသိတယ်။ ဒါပေမဲ့ ကျွန်တော်တို့အရင်ကလည်းအတူအိပ်ဖူးတာပဲ။ ချစ်သူရည်းစားတွေဖြစ်နေပြီလေဗျာ။တအားစိတ်ထဲမထားပါနဲ့ "

" ဒါကို စိတ်ထဲမထားနဲ့ဟုတ်လား။ မင်းငါ့ကိုလွယ်တယ်ဆိုပြီးပြောနေတာလား။ လွယ်လွန်းတော့ စိတ်ကြိုက်ကစားမယ်အဲ့လိုလား။ ဆောင်းဟွန်းက မကောင်းဘူး "

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now