Chapter 30: Birthday present by SIM [𝗧𝗵𝗲 𝗙𝗶𝗻𝗮𝗹]

1.5K 96 65
                                    





တစ်နှစ်လုံးရဲ့ အချမ်းဆုံးရာသီကိုရောက်ရှိလို့လာပါပြီ။ ဒါပေမဲ့လို့ ရာသီအစောပိုင်းက ကျန်တာထက်စာရင် အအေးလျော့တာမို့ အဆင်ပြေပြေရှိနေသည်။ ပုံမှန်ဆို ကိုယ်ပိုင်ကားနဲ့ကိုယ်ရံတော်တွေဝိုင်းရံလျက် အပြင်ထွက်မှာမှန်သော် ဆောင်းဟွန်းတစ်ယောက် သူ့ အချစ်လေးကို မလွန်ဆန်နိုင်။

အသက်အန္တရာယ်လည်းစိုးရိမ်ရတာမို့ ဂျယ်ယွန်းလေးမသိအောင် ဘော်ဒီဂတ်တွေကို ခေါ်ထားပြီး သူတို့ကတော့ ဘက်စ်ကားပေါ်မှာ အတူရှိနေကြသည်။

" ပထမဆုံးနှင်းကျတာလား။ အော်ပရာပြဇာတ်သွားကြည့်မှာကိုလေ ဝါး မိုက်လိုက်တာ "

" ပြဇာတ်က ဘယ်အချိန်လဲ "

အပြင်ဘက်မှာ ဖြူဖြူဖွေးဖွေးနှင်းစက်လေးများကိုမြင်နေရသော် ဆောင်းဟွန်းမသိသလိုဟန်ဆောင်နေရင်း ဂျယ်ယွန်းကိုသာဖက်ထားသည်။ ပထမဆုံးနှင်းကျတာကော၊ အော်ပရာပြဇာတ်ကိုလည်း ဆောင်းဟွန်း စိတ်မဝင်စားပါ။ သူ့၏စိတ်ဝင်စားခြင်းက ရှင်းမ်ဂျယ်ယွန်းတစ်ယောက်တည်းသာမို့ အကြည့်တို့က ဂျယ်ယွန်းမျက်နှာနုနုလေးပေါ်ကျရောက်လို့။

အိမ်မှာနေလိုက် အလုပ်လုပ်လိုက်နဲ့ နေ့စဉ်ကျော်ဖြတ်နေရသော် ပါးဖောင်းဖောင်းလေးတို့ကရှိသေးသည်။ ချောမောပြီးချစ်ဖို့ကောင်သော ဂျယ်ယွန်မျက်နှာလေးကို ငေးကြည့်ရင်း ဆောင်းဟွန်းပြုံးမိတယ်။

" အွန်း ပြဇာတ်သွားမကြည့်ချင်တော့ဘူး။ တစ်ခြားနေရာ လျှောက်လည်ကြမလား "

" ဘေဘီ့သဘော ကျွန်တော်က အနောက်ကလိုက်ခဲ့ပေးမယ် "

" မသွားရင် လက်မှတ်ကနှမြောစရာကြီး။ဒါပေမဲ့ အဲ့ပြဇာတ်က ပျင်းစရာကြီးထင်တယ်။ ဘယ်လိုလုပ်ရမလဲဟင် ဒါလင် "

ဖုန်းဖွင်ထားပြီး မျက်နှာပြင်က လက်မှတ်ဈေးနှုန်းနှင့် ခုံနံပါတ်ကိုပါပြသ၍ ဆောင်းဟွန်းဘက်ကို တစ်ချက်ကြည့်လာသည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေ မော့ကြည့်လာပုံဟာ ဒီကိစ္စကိုဝေခွဲမရဖြစ်နေပုံပေါ်၏။ တကယ်လည်း ဂျယ်ယွန်းက ဒီနှင်းတွေမကျလာခင် သွားဖို့ရန်ဆန္ဒရှိခဲ့သည်။ ဒါပေမဲ့လည်း ရုတ်တရက်ကြီး နှင်းကျလာတာမို့တစ်ခုခုသွားစားချင်သေးတယ်။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now