2 [U]

1.7K 164 14
                                    

♡︎မောင့်မျက်သွယ်♡︎    
       အခန်း(၂)

"ဓာတုဇန် ဒါနင့်လက်ချက်မဟုတ်လား"

ရုံးခန်းထဲသို့ ဒုန်းစိုင်းဝင်လာသော ဆူးခြံရံနှင့်အတူ စားပွဲပေါ်သို့ရောက်လာသည့် စာရွက်တချို့ကြောင့် ဓာတုစစ်လက်စ စာရင်းကို ဘေးကပ်လိုက်ရင်း ထိုစာရွက်တွေကို ကောက်ကိုင်လိုက်၏။

"အန်ကယ်က ထင်ထားထက်မြန်မြန်အကောင်အထည်ဖော်လိုက်တာပဲ"

"ဓာတုဇန်!!"

"ပြောလေ"

ကိုယ်ဒေါသတကြီးအော်ဟစ်ကာ စိတ်တိုနေရပေမဲ့ ဒင်းက မျက်ခုံးတစ်ဖက်ပင့်ကာ ခပ်ထေ့ထေ့ပြောလာတာမလို့ ဒေါသက မိုင်ကုန်ရောက်သွား၏။ အဲ့ကောင်ရဲ့ မျက်နှာကြီးကို ကုတ်ဆွဲချင်လိုက်တာဆိုတာလေ။

"နင်ဘာလို့ အခုလိုလုပ်ရတာလဲ၊ နင်လဲ ငါနဲ့လက်မထပ်ချင်ဘူး မဟုတ်လား"

"လက်မထပ်ချင်တာကတော့အမှန်ပဲ၊ အဲ့လိုဆိုတိုင်း ငါ့ကိုကျော်ပြီး တခြားတစ်ယောက်ကို ယူဖို့ခွင့်ပြုလိုက်တယ်လို့ထင်နေတာလား၊ အထူးသဖြင့် ငါ့ထက်အစစအရာရာနိမ့်ကျတဲ့ အဲ့ပန်းရောင်းတဲ့ကောင်နဲ့လေ!!"

တဖန်‌ပြန်အော်လာသည့် ဓာတုစကားတွေကြောင့် ခြံရံကြက်သေသေသွားရသည်။ လက်ထပ်ပွဲဖျက်လို့ မကျေမနပ်ဖြစ်နေမယ်ဆိုတာသိပေမဲ့ အခုလောက်ထိ ခြံရံအကြောင်းတွေစုံစမ်းနေမယ်လို့တော့မထင်မိ။

"နင်..နင် ငါ့နောက်ကိုလူလွှတ်ထားတာလား၊ နင် ငါ့အခွင့်အရေးကိုချိုးဖောက်နေတာသိလား"

"အဲ့ဒါတွေ ငါစိတ်မဝင်စားဘူး"

"အေး အဲ့ဒါတွေကို မပြောချင်ဘူးဆို အသာထား၊ နင် ငါ့ကိုကြိုက်နေတာလဲ မဟုတ်ဘဲ ဘာလို့အခုလိုတွေလိုက်လုပ်နေရတာလဲ ငါ့ဟာငါအေးအေးချမ်းချမ်းနေနေတာကို လွှတ်ထားပေးပါလား ဓာတုဇန်ရယ်"

"အိုး..ဆူခြံရံ၊ နင်က နင့်ဘာသာ အေးအေးဆေးဆေးနေနေတာဟုတ်လား။ နင်လုပ်ထားလို့ ငါပူပြင်းနေတာတာကို ငါကနင့်ကိုဒီအတိုင်းလွှတ်ထားပေးစရာလား"

"နင်ဘာလို့အဲ့လောက်တောင် အနိုင်လိုစိတ်တွေများနေရတာလဲ၊ တကယ်ဆို..."

မောင့်မျက်သွယ်Onde histórias criam vida. Descubra agora