Zawgyi
"ဘယ်လိုလုပ်မလဲ"
ရှားရှားပါးပါး သည်ညနေမှာတော့ အဏ္ဏဝါရုံးကနေပြန်လာသည့်အချိန်မှာပဲ အလုပ်များနေသည့်အဖေဖြစ်သူကလည်း အိမ်ပြန်ရောက်နေတာနှင့်ကြုံလေသည်။
ကားလုပ်ငန်းသစ်တစ်ခုကိုစတင်ထားပြီး အဏ္ဏဝါရဲ့ကုမ္ပဏီဘက်ကိုလည်း လိုသလိုလာကြည့်ပေးသေးသည့်ဦးမင်းဗညားမှာ အလုပ်ချိန်ကပိုလို့ပင်များလာ၏။
ဒါကြောင့် ဒီလိုစောစောပြန်လာတာက အဏ္ဏဝါကိုအံ့သြသွားစေသလို ဇနီးဖြစ်သူ ဒေါ်နှင်းမမအတွက်လည်း အံ့သြဝမ်းသာစေမှုလေးပင်။အဖေဖြစ်သူရဲ့ကားဘေးမှာ သူ့KIAကို ရပ်ထားလိုက်ပြီး တက်ကြွစွာလျှောက်လာသည့်အဏ္ဏဝါကို အိမ်ထဲဝင်တော့မည့်ဆဲဆဲဖြစ်သည့်ဦးမင်းဗညားတို့က ရပ်စောင့်နေ၏။
"ပါး... ဒီနေ့စောစောပြန်လာတာပဲ"
"ဟုတ်တယ်သား... အလုပ်ကိစ္စရှင်းနေလို့"
နက်ခတိုင်ကိုဆွဲလျှော့လိုက်သည့်အဏ္ဏဝါက ခေါင်းညိတ်လိုက်ပြလိုက်၏။ ထို့နောက် တစ်ဖက်ကအမေဖြစ်သူရဲ့အပြုံးမျက်နှာကို လှမ်းကြည့်လိုက်ကာ ပြုံးစစနှင့်
"အမယ်... မားမျက်နှာမှာ ညနေခင်းကြီး ကြယ်တွေလတွေသာနေတာကြည့်စမ်း"
"ဟဲ့ သား... မဟုတ်ကဟုတ်ကတွေ"
"အမယ်မယ်... ပါးပြန်လာလို့မလား... အချစ်တော်ကြီးကိုတစ်နေကုန်လွမ်းနေတာမဟုတ်လား"
"ဘယ့်နှယ်... ဒီကလေး စမနေနဲ့"
ရှက်ပြုံးလေးနှင့် မာန်မဲတော့ အဏ္ဏဝါကသွားဖြဲနေအောင်ရယ်မိသလို၊ ကုတ်အင်္ကျီကိုလှမ်းပေးလိုက်သည့် ဦးမင်းဗညားကလည်း ကျေနပ်ပြုံးပြုံး၏။
"ဒါနဲ့ ဒီည ပွဲတစ်ခုတက်ဖို့ရှိတယ်နော်... ပါးနဲ့အတူသွားမှာလား သား"
အဏ္ဏဝါက ခဏဆိုင်းတွသွားပြီးမှ
"ကျွန်တော် သွားစရာရှိနေလို့... အဲ့ကနေပဲ သွားလိုက်မယ်"သူ့ကို မိဘနှစ်ယောက်ကတော့ အကဲခတ်မျက်လုံးတွေနဲ့ကြည့်ရင်းနားထောင်နေ၏။
အခုတလော ဒီအကြည့်တွေနဲ့သူ့ကိုကြည့်တတ်တာမို့ သူ့မိဘတွေဘာရိပ်မိနေသလဲဆိုတာ အဏ္ဏဝါကလည်းသိ၏။
ဒါကြောင့် မကြာခင် မျက်နှာချင်းဆိုင်ပြီး ပြောရတော့မယ့်နေ့ရောက်လာတော့မှာမို့လည်း သူအားဖြည့်ထားပြီးပြီ။

YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...