ကာကီရောင်ခရီးဆောင်လက်ဆွဲအိတ်တစ်လုံးရယ်
အနက်ရောင် လယ်သာ ဘေးလွယ်အိတ်တစ်လုံး နှင့် ထိုအိတ်ထဲတွင် ခနတာ လုံလောက်နိုင်သည်ဟုထင်ရသော ငွေသားအချို့ပါဝင်သည်။ထိုခရီးဆောင်အိတ်ကိုလက်တစ်ဖက်ကကိုင်ဆွဲရင်း လယ်သာအိတ်ကို ဘေးတစ်စောင်းလွယ်ကာ ကောင်လေးတစ်ယောက်သည် ဂျာမနီနိုင်ငံ ဖရန့်ဖက် မြို့ပေါ်ရှိ ဟိုတယ်တစ်ခုထဲသို့ဝင်သွားခြင်းဖြစ်သည်။
တစ်ယောက်အိပ်တစ်ခန်းငှားကာ အခန်းရှိရာသို့ ဂျာမန်သူဧည့်ကြိုမိန်းခလေးတစ်ဦးမှ လိုက်ပြပေးသည်။
မှန်းချက်နှင့်နှမ်းထွက်ကိုက်ဆိုသလို
ထိုဟိုတယ်လေးအား မြင်သည်နှင့် ဟိုတယ်ခဈေးမများလောက်ဖူးလို့
စိတ်ထဲတွက်ထားသည့်အတိုင်း ဈေးနှုန်းမှာလဲသက်သာ၍ ဆောနူအတွက် အနည်းငယ်ချွေတာ၍
ရသွားသည်။အခန်းထဲရောက်သည်နှင့် ကာကီရောင်ခရီးဆောင်အိတ်ထဲမှ ၁၀စုံမျှလောက်သာရှိသော အဝတ်အစားများအား ဘီဒိုထဲသို့ထည့်ကာ ချိတ်လိုက်ပီးနောက် ဖုန်းအားထုတ်ကာ ကွန်းတန့် မှ နံပါတ်တစ်ခုအားခေါ်လိုက်သည်။
“ ဟယ်လို ငါ့ညီ...ဟျောင်းနင် ဂျာမနီကိုရောက်သွားပီနော် ”
တမင်တကာ အကိုကြီးပုံစံဖမ်းတဲ့အသံဖြင့်ပြောလိုက်တော့
“ ဘာ!!! ဂင်မ်ဆောနူ မင်းဘာပြောတယ်!! ”
“ ရား!! ယန်းဂျောင်ဝန်း အသံကိုလျော့ပြောစမ်းပါ ငါအခု ဂျာမနီရောက်သွားပီလို့”
“ ဂင်မ်ဆောနူ ... မင်းတစ်ကယ်လား
ငါ့ကိုသွားမယ်ပြောတုန်းက မင်းဒီတိုင်းပြောရုံလောက်ပဲထင်နေတာ ”“ ဒီတိုင်းပြောစရာ တကယ်သွားမှာမလို့ ပြောတာပေါ့ ပီးတော့ အဲ့ဒီကောင်နဲ့လဲ တစ်နိုင်ငံထဲမနေချင်တော့ဘူး ”
“ မင်းဘယ်လောက်ကြာမှာလဲ ”
“ ပျော်သလောက်ပေါ့ ”
ပျော်သလောက်နေမယ်လို့သာပြောလိုက်တာ ပါလာတဲ့ပိုက်ဆံကုန်ရင်တော့
ဆောနူ ဘယ်လိုနေရမလဲတွေးမိလိုက်သည်။
YOU ARE READING
𝘋𝘈𝘛𝘌 𝘐𝘕 𝘎𝘌𝘙𝘔𝘈𝘕𝘠 [ 𝗦𝗨𝗡𝗞𝗜 ]
FanfictionSunoo Falling Love In Germany! #SUNKI #ONESHORT