Part 41-အဓိဌာန်ပြုခြင်း။

4.4K 688 12
                                    

Unicode

"ကိုယ် တောင်းပန်ပါတယ်။အရက်မူးနေခဲ့လို့ ဖြစ်မယ်"

ဟန်လုက သူ့ကိုမယုံလို့ အီရန်က ဒေါသထွက်ပြီး လက်မထပ်တော့မှာ ကြောက်နေတာ။

"ရပါတယ်" အီရန်က ချက်ချင်းပြန်ပြောလိုက်ပြီး သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်လိုက်တယ်။

ဟန်လု အနားကိုကပ်သွားပြီး အီရန်က သူ့မျက်နှာလေးကို ဟန်လုရဲ့လည်ပင်းမှာ ဖိကပ်ထားလိုက်ရင်း နှစ်ယောက်လုံးကိုချော့မြူစေလိုက်တယ်။လန်လေးကလည်း ကြားထဲကနေ သူ့မိဘတွေကို ပွေ့ဖက်လိုက်တယ်။

ဒါကိုမြင်တဲ့ ဟန်နရီက ခဏလောက်တိတ်ဆိတ်သွားပြီမှ စကားပြောဖို့ဆုံးဖြတ်လိုက်တယ်။

"အခု အကုန်လုံးသိပြီးပြီဆိုတော့ ဘယ်သူနေ့လည်စာစားချင်လဲ?"

ဟန်နရီက ထိုင်ခုံကနေထရပ်ကာ သုံးယောက်အုပ်စုကို မစောင့်တော့ဘဲ အစားအစာတွေ ခင်းကျင်းထားပြီးသားဖြစ်တဲ့ ထမင်းစားခန်းထဲကို ဝင်သွားတယ်။

"အရင်စားကြတာပေါ့" ရုတ်တရပ် အီရန်ကဗိုက်ဆာလာကာ အကြံပြုလိုက်တယ်။လွန်ခဲ့တဲ့၄ရက်လုံးလုံး အစားကောင်းကောင်းမစားနိုင်ခဲ့ဘဲ အခုမှ သူ့ရဲ့စားချင်စိတ်ကပြန်ရောက်လာတော့ ရုတ်တရပ် အလွန်ဆာလောင်လာတော့တာပေါ့။

"အင်း..ဟုတ်ပြီ။အဲ့ဒါဆို စားပြီးမှ မြို့နယ်တရားရုံးကိုသွားကြတာပေါ့"

"အင်း အိုခေ" အီရန်က ပြုံးရင်း ပြန်ပြောလိုက်တယ်။

မကြာခင်မှာပဲ ထမင်းစားခန်းထဲဝင်လာတော့ အိမ်တော်ထိန်းပုံစံနဲ့ထောင့်မှာစောင့်နေတဲ့ဟန်နရီကိုတွေ့လိုက်ရတယ်။

အရင်နေ့တွေတည်းက အီရန်က ထိုအမျိုးသားကို အတူဝင်စားဖို့ပြောပေမဲ့ ဟန်နရီကခေါင်းမာပြီး အိမ်တော်ထိန်းဖြစ်တဲ့အတွက်မလုပ်သင့်ကြောင်း အတင်းပြန်ပြောခဲ့တယ်။

ဒါကြောင့် ခုဆို အီရန်က ဟန်နရီ ဘေးမှာရပ်နေတာကို ကျင့်သားရနေပြီ..ဒါပေမဲ့ သူကထပ်ခေါ်ဖို့ကြိုးစားလိုက်ပေမဲ့ ဟန်နရီဆီက ငြင်းဆန်ခြင်းကိုပဲ ထပ်မံရရှိလိုက်ပါတယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now