Unicode
ဗရော်နီကာက ထိုယောကျာ်းကို အံ့ဩတကြီးနဲ့ စိုက်ကြည့်နေတယ်။ဝမ်းဗိုက်ကိုမသိစိတ်ကြောင့် လှမ်းကိုင်ရင်း ဗရော်နီကာက နာမည်တစ်ခုကို ရေရွတ်လိုက်မိတယ်။
"အ-အီသန်?!"
ဗရော်နီကာက အနည်းငယ်တုန်ရီကာ ထိုနာမည်ကိုရေရွတ်လိုက်ပြီးတာနဲ့ ကျန်တဲ့၂ယောက်မကြားပါစေနဲ့ဆုတောင်းရင်း သူမရဲ့ပါးစပ်ကို လက်နဲ့မြန်မြန်အုပ်လိုက်တယ်။
ကံမကောင်းတာက နောက်ကျသွားခဲ့ပြီ...ရီမီရော ဂျော်နသန်ရောက သူမရဲ့စကားကို ရှင်းရှင်းလင်းလင်းကို ကြားသွားခဲ့တယ်။
"အိုး..အဲ့ဒီ့အီသန်ပဲလား? ကျွန်တော်က သူနဲ့ အဲ့လောက်တောင်တူတာလား?"
ထိုယောကျာ်းက အနောက်တိုင်းဥရောပလေသံနဲ့မေးကာ ရယ်သွမ်းရင်း ဗရော်နီကာကို ကြည့်လိုက်တယ်။
ဗရော်နီကာက ထိုယောကျာ်းကို ကိုးရိုးကားရား ပြန်ပြုံးပြလိုက်တယ်။
"ဟမ်း..ရီမီလည်း ကျွန်တော်တို့နှစ်ယောက်စတွေ့တုန်းက ကျွန်တော့်ကိုအီသန်လို့ခေါ်ခဲ့တာပဲ.."
ထိုလူကပြောရင်း အိပ်ရာပေါ်မှာလှဲနေတဲ့ရီမီ့ဆီ လျှောက်သွားတယ်။သူက မြန်မြန်ငုံ့ကိုင်းလိုက်ကာ ရီမီနှုတ်ခမ်းကို စက္ကန့်အနည်းငယ်လောက် နမ်းပြီးတော့မှ လွှတ်ပေးလိုက်တယ်။
ဗရော်နီကာက ဒါကိုမြင်ပြီး သူမ အဲ့ဒီ့နေရာမှာရပ်ကာ ထိုနှစ်ယောက်ကိုကြည့်နေရတာကို ပိုပြီးတော့တောင် ကိုးရိုးကားရားဖြစ်သလို ခံစားလိုက်ရတယ်။
"တကယ်ပြောနေတာ..ရပ်တော့"
ရီမီက ရှက်သွားပြီး ညည်းညူကာ ထိုယောကျာ်းကိုတွန်းထုတ်ပစ်လိုက်ပြီးနောက် သူမပါးစပ်ကိုအထိတ်တလန့် ဖုံးအုပ်လိုက်တယ်။အဲ့ဒီ့အနမ်းဖြစ်လာဖို့ သူမ မမျှော်လင့်ထားခဲ့ဘူး။ဒီသရုပ်ဆောင်တာမစခင်ကတည်းက သူတို့ ဒီအကြောင်းကိုပြောထားပြီးသားလေ။
"ကိုယ်သိပါပြီကွာ..အခုထိရှက်နေတုန်းပဲ"
ဂျော်နသန်ကပြောကာ ရီမီ့နှာခေါင်းထိပ်ကို ဆွဲညှစ်လိုက်ပြီးတော့မှ နောက်လှည့်ကာ ဗရော်နီကာကို မျက်နှာချင်းဆိုင်လိုက်တယ်။
VOUS LISEZ
ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]
ActionAll credits go to original writer @lesson101.I am just a translator of this novel. Story cover from google and it belongs to the artist. Book 1-Doted by the Alpha(ချစ်တတ်လွန်းသောအယ်လ်ဖာ) [total 80 parts] Book 2-My Husband is a Mafia Boss(ငါ့ယောကျာ်း...