Unicode
"ဟုတ် နောက်တစ်ခါ ထပ်မလုပ်တော့ဘူးလို့ ကျွန်တော် ကတိပေးပါတယ်" ဒန်နီရယ်ကပြောတော့ လောင်ထရန်းက ခေါင်းညိမ့်တယ်။
"မင်းသဘောပေါက်ရင်ရပြီ"
လောင်ထရန်းက ခပ်လွင်လွင်ပြုံးကာ ဒန်နီရယ့်ကို ဘေးကနေထိန်းကိုင်ပေးရင်း သူတို့အိပ်ခန်းဆီသွားကြတယ်။
အဆင်သင့်ပြင်ဖို့ အဝတ်လဲခန်းကို ဝင်လိုက်ပြီး ဒန်နီရယ်က သက်တောင့်သက်သာဖြစ်မဲ့အဝတ်အစားရွေးတာနဲ့ အလုပ်ရှုပ်နေတယ်။
သူ့ ဝမ်းဗိုက်ကတော်တော်ကြီးပူလာတော့ ကိုယ်ဝန်ဆောင်နေစဉ်တစ်လျှောက်မှာလောင်ထရန်းက အဝတ်အစားတွေစီစဉ်ပေးဖို့ လူတစ်ချို့ငှါးထားတယ်။ဒါကြောင့် မနေ့က ထိုလူတွေက သူ့ရဲ့အဝတ်ဗီရိုတစ်ခုလုံးကို အပြောင်းအလဲလုပ်သွားခဲ့တယ်။
သူသာ အဝတ်အဟောင်းတစ်ချို့ချန်ထားဖို့ အတင်းမပြောခဲ့ဘူးဆိုရင် အဲ့ဒီ့အဝတ်ဗီရိုပညာရှင်တွေဆီမှာ သူ့အဝတ်တွေအကုန် မနေ့ကတည်းက ပါသွားလောက်ပြီ။
ပြီးတော့ အခု အဝတ်အစားတွေကအကုန်နီးပါးအသစ်တွေဆိုတော့ ဒန်နီရယ်ကဘာဝတ်ရမလဲဆိုတာ ခေါင်းစားနေတယ်။ပန်းချီပြပွဲက ထိပ်တန်းအဆင့်မြင့်ဆိုတော့ သူကစနစ်တကျလည်းဝတ်ရမယ်..ကိုယ်ဝန်နဲ့သက်တောင့်သက်သာမျိုးလည်းဖြစ်ရမယ်။
"အဝတ်ထူထူဝတ်သင့်တယ်..ဒီနေ့အပြင်မှာ ရာသီဥတုအေးတော့ နေမကောင်းမဖြစ်အောင်လို့"
လောင်ထရန်းက သူ့ချစ်ဇနီးလေး အဝတ်အစားရှာတာနဲ့တိုင်ပတ်နေတာကိုတွေ့တော့ သတိပေးလိုက်တယ်။အဲ့ဒီ့အချိန်မှာ အယ်လ်ဖာက မနေ့ညကတည်းက ဒန်နီရယ်ပြင်ဆင်ပေးထားတဲ့ စတိုင်ကျတဲ့ဝတ်စုံနဲ့လိုက်ဖက်တဲ့ ရှုးဖိနပ်နဲ့လက်ပတ်နာရီကိုတောင်ဝတ်ပြီး အဆင်သင့်ဖြစ်နေပြီ။
"အင်း၊အပေါ်ကနေအနွေးထည်ထပ်ဝတ်လိုက်မယ်။ပြီးတော့ လည်စည်းပဝါလည်း စည်းလိုက်မယ်" ဒန်နီရယ်က ခေါင်းညိမ့်ရင်း ပြန်ပြောလိုက်တယ်။
ပြဿနာက အောက်မှာဘာဝတ်ရမလဲမသိတာ။ကိုယ်ဝန်ဆောင်အင်္ကျီဝတ်သင့်လား? လက်ရှည်? ဒါမှမဟုတ် လည်ပိတ်?
ESTÁS LEYENDO
ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]
AcciónAll credits go to original writer @lesson101.I am just a translator of this novel. Story cover from google and it belongs to the artist. Book 1-Doted by the Alpha(ချစ်တတ်လွန်းသောအယ်လ်ဖာ) [total 80 parts] Book 2-My Husband is a Mafia Boss(ငါ့ယောကျာ်း...