"အဟမ်း..konichiwa watashi wa sunno Desu ဟုတ်တယ်အဲ့လိုပြောရမယ် အဟမ်း"
In Ohkayama
သူက ဂျပန်ကိုပညာတော်သင်ဖို့လာတဲ့ ကျောင်းသားတစ်ယောက်လို့ဆိုရမည်။ ဂျပန်စာကိုတအားကြီး သင်ချင်လွန်းတာမဟုတ် အကိုဂျေးနှင့် animeကားကြည့်တာများပြီး တခဏတာ ဂျပန်ရူး'ရူးသွားသည်ကို ဂျပန်စာလေ့လာတော့မလိုလို ဘာလိုလိုဖြင့် ဖေဖေ့ကို ဂျပန်စာသင်ချင်တယ်ဆိုပြီး ပူဆာလိုက်ချင်းဖြစ်သည်။ အဲ့ကနေပြဿနာကစတာဘဲ သူ့ဖေဖေကလိုတာထက် ပိုပေးတဲ့သူဆိုတာမေ့နေခဲ့တာ။ သူပူဆာပြီး3ရက်အကြာမှာဂျပန်ကိုသွားဖို့ဖြစ်လာခဲ့သည်။ဘာလို့လဲဆိုတော့ အဲ့မှာကျောင်းထားမလို့တဲ့ ဒါပေမဲ့သူကဒီတိုင်းရှိုးလုပ်ရုံဘဲသင်မလို့ကို အဲ့မှာတင်ဂျပန်ကိုသွား ဂျပန်ကျောင်းကိုတက် ဘားမှနားမလည်ဝေ့လည်ကြောင်ပတ်လုပ် အမှတ်တွေကမြေကြီးပေါ်တစ်ဘုန်းဘုန်းကျ ငါ့နှယ် ငါ့နှယ်နော်!!
နောက်ဆုံးဒီလိုသာသင်နေရင်သွေးတက်ပြီးသေတော့မှာမလို့အဖေ့ကို အိမ်မှာဘဲခေါ်သင်ချင်တယ်ဆိုပြီးပြောတော့ လက်ခံပေးပါသည် ဒီလိုနဲ့ အိမ်မှာဆရာတွေနဲ့ခေါ်သင်ကြတာပေါ့ကွယ်
ပထမမြောက်ဆရာ
နာမည် = Haruto
အဆင်တော့ပြေပါတယ်....မဟုတ်ဘူး....အမှန်တိုင်းပြောရရင် အဆင်လုံးဝမပြေဘူး။
ကန်တော့ပါရဲ့ တစ်ခါလောက်တော့ပိတ်ရိုက်ပစ်ချင်မိသည်။
စာလာသင်တာလား ဘေးအိမ်က သူကို လာချောင်းတာလား မသဲကွဲဘူး။
ဘေးအိမ်မှာ jungkyu ဆိုတဲ့အကိုတစ်ယောက်ရှိသည်။
သူလဲကိုယ့်လိုဘဲ ဂျပန်စာသင်နေတဲ့ကိုရီးယားလူမျိုးတစ်ယောက်......
ဂျပန်ကိုရောက်ကတည်းက အဲ့အကိုနဲ့ခင်ခဲ့တာကြောင့်မိသားစုဝင်တစ်ယောက်လိုပင်
တစ်ယောက်အိမ်တစ်ယောက်ခြံစည်းရိုးမရှိ တံခါးမရှိ ဝင်ထွက်ကာ....
နေချင်သလိုနေ လာချင်သလိုလာလုပ်သည်။ဆရာHarutoလာပြီး နောက်ပိုင်းအိမ်မှာတောင်လာနေသလို တောင်ဖြစ်နေပြီ။
တစ်ခါတစ်ခါစာသင်ရင်လာရှုပ်တာကြောင့်ကိုယ့်မှာရှုးရှုးရှဲရှဲ
ဆရာကတော့သူစာသင်နေတာကို လာရှုပ်တာကိုဒေါသမထွက်ဘူးလား?
သေချာပေါက်ပေါ့ Hyung Junkyu လာတိုင်းပါးစပ်ကြီးကဆယ်နှစ်ရာသီပြုံးဖြီးနေတာ။
မှိုရနေတဲ့မျက်နှာကြီးနဲ့ ကိုယ်တောင်သူ့ကြည့်ပြီးခပ်လန့်လန့်။
ကိုယ့်ကိုစာတွေဖြစ်သလိုရှင်းပြကာ အဲ့Hyungကိုသာလိုက်ကြည့်နေတဲ့ဆရာပါရယ်။
ငါလေးစာတွေတော့ရကုန်တော့မှာဘဲ အော်ငေါက်လို့လဲမရတစ်ယောက်က
ဆရာလေ တစ်ယောက်ကကိုယ့်ထက်ကြီးတဲ့သူလေ ထို့ကြောင့်စိတ်ထဲမှာသာကြိမ်ဆဲမိသည်။
1လလောက်ဘဲ ကြာသေးတယ်။
နောက်ဆုံးတော့သိလိုက်ရတာက ရည်းစားတွေဖြစ်သွားပြီတဲ့လေ ငါ့နှယ်!!
ဒီလိုနဲ့ပထမ ဆရာ ဟာရူတို ကို ဘိုင်ဘိုင်လိုက်ရပါတော့တယ်။