အပိုင်း ၇၆၃ - ၇၆၄

377 43 0
                                    

စာစဥ် ၄၀ : အပိုင်း ၁၃

အပိုင်း ၇၆၃ : တောင်၏ အလယ်ဗဟိုမှ ပုံရိပ်ယောင်

စတုရန်းမိုင်ပေါင်း ငါးထောင်ကျော် ကျယ်ဝန်းသည့် ဧရာမ လေးထောင့်ပုံ ဖန်ကျန်းနတ်တောင်နှင့် ယှဥ်လိုက်လျှင် ယင်ကျိုးနတ်တောင်သည် စတုရန်းမိုင်ပေါင်း လေးထောင်ကျော်သာ ကြီးမားသည်။ သို့သော်လည်း ဤမှော်တောင်သည် ကျွန်းတစ်ကျွန်းဟု ခေါ်ရအောင် လုံလောက်သည်အထိ ကြီးမားပေသည်။

ဇူရီနှင့် ကျန်သောသူများသည် ဝင်္ကပါကို ချိုးဖောက်ပြီးကြသည်နှင့် အချိန်လုံးဝ ဖြုန်းမနေကြပဲ တောင်ထိပ်ပေါ်သို့ ပျံသန်းဝင်ရောက်လာကြသည်။

တောင်၏ထိပ်ဖျားသည် စိတ်ဝိညာဥ် စွမ်းအင်များ အသိပ်သည်းဆုံး ဖြစ်သည်ကို သူတို့၏ အာရုံများက ညွှန်ပြနေခဲ့သဖြင့် ဘာမှ စဥ်းစားစရာ လိုမနေခဲ့ပေ။

စိတ်ဝိညာဥ် စွမ်းအင်ပေါင်း အမြောက်အမြားတို့သည် တောင်ထိပ်တွင် စုစည်းနေကြကာ တောင်ပေါ်တွင် လည်ပတ်နေသော ဘီးတစ်ဘီးကဲ့သို့ အလယ်ပိုင်းသို့ စီးဆင်းသွားနေကြသည်။

ဇူရီနှင့် လီယွမ်ဖန်းတို့ နှစ်ယောက်စလုံးတို့သည် တောင်ထိပ်သို့ သွားနေကြရင်းနှင့် အောက်ဘက်မှ အမည်မဲ့ ရှေးဟောင်းဝင်္ကပါထံသို့ တစ်ချိန်တည်းတွင် လှည့်ကြည့်မိလိုက်ကြသည်။

သူတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ "ကျန်တဲ့သူတွေကလည်း ဝင်္ကပါကို ချိုးဖောက်လာနိုင်ကြပြီ"

ကျန်သောသူများသည် ဇူရီနှင့် လီယွမ်ဖန်းတို့ထက် အများကြီး နောက်ကျမနေခဲ့ကြပေ။ သူတို့အုပ်စုသည် အခြားသူများထက် ပိုမြန်ရခြင်း အကြောင်းရင်းမှာ သူတို့နှစ်ယောက်စလုံးတို့က ဝင်္ကပါ ပညာရပ်များကို နားလည်ပြီး လမ်းခွဲရှာဖွေရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သူတို့၏ အနောက်မှ အမည်မဲ့ ရှေးဟောင်းဝင်္ကပါ၏ ဟင်းလင်းပြင်သည် ပွင့်သွားခဲ့၍ လူတစ်အုပ်စုက တောင်ပေါ်သို့ ရောက်လာခဲ့သည်။ သူတို့သည် မဟာချင် အင်ပါယာမှ အုပ်စုဖြစ်သည်။

ထိုအုပ်စု၏ ခေါင်းဆောင်မှာ ရှီလင်းမဟုတ်သလို ရွှင်ပျော်ပျော် သူတော်စင်လည်း မဟုတ်ချေ။ ရှီရှင်းယွမ်သာ ဖြစ်၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDonde viven las historias. Descúbrelo ahora