🦋 Butterfly 🦋 Intro

232 20 0
                                    

Hyung လိပ်ပြာလေးတွေကိုသဘောမကျဘူးလား ကျတော်ကတော့လိပ်ပြာလေးတွေကိုအများကြီးသဘောကျတယ် ဘာလို့လဲဆိုတော့ သူတို့လေးတွေက လွတ်လွတ်လပ်လပ်ပျံသန်းနိုင်တယ် လှပတဲ့အတောင်နှစ်ခုရှိတယ် စွဲဆောင်မှု့ရှိတဲ့ပန်းချီကားတစ်ချပ်လိုဒီဇိုင်းပုံအမျိုးမျိုးကသူတို့လေးတွေရဲ့အတောင်ပံလေးနှစ်ဖက်မှာရှိတယ် အရောင်အသွေးစုံလှတယ် ချစ်စရာကောင်းတယ် ကျတော်တကယ်အများကြီးသဘောကျမိတယ် တစ်နေ့ကြရင်Hyungနဲ့အတူလိပ်ပြာလေးတွေအများကြီးရှိတဲ့တောတွင်းလေးတစ်နေရာကိုအပန်းဖြေခရီးထွက်ကြမယ် အဲ့ဒီအချိန်ကြရင်hyungကကျတော်ကို"haruto yarမင်းဘယ်လိုနေရာကြီးတွေကိုရွေးပြီးလာတာလဲ အာ ငါဒီကျောချမ်းစရာကောင်းတဲ့နေရာကိုမကြိုက်ပါဘူး 'ဒီလိုလေးတွေပြောပြီး ကျတော်ပုခုံးလေးကိုရိုက်နေမှာအမှန်ပါပဲ အမှန်အတိုင်းပြောရရင် ကျတော်လဲဒီလိုကြောက်စရာကောင်းတဲ့တောတွင်းကိုမကြိုက်ဘူး ဒါပေမဲ့ Hyung နဲ့အတူရှိနေရင် ကျတော်ဘယ်အရာဖြစ်ဖြစ်အကောင်းဆုံးလုပ်နိုင်တယ် ဘာကိုမှမကြောက်တော့ဘူး Hyung က ကျတော်အတွက်တော့ လိပ်ပြာလေးတစ်ကောင်ပဲ လှပပြီးခိုအာလာလေးနဲ့တူတဲ့လိပ်ပြာလေး you are My Beautiful Butterfly

Haruto

ဒဏ္ဌာရီမှတ်စုအလားရှိတဲ့အပြာရောင်စာအုပ်လေးထဲက စာလေးတွေကိုဖတ်ကာငိုနေမိတယ်

" ဘယ်လိုလုပ်ပြီး …ဒီလိုစိတ်ကူးလေးတွေရှိခဲ့တာမသိခဲ့မိဘူး Haruto yar …ဘာပဲဖြစ်ဖြစ် Hyung ကိုပြောပြမှာပေါ့ ဘယ်လိုလုပ်ပြီး ဒီလိုမျိုးသေလူတစ်ယောက်လို Hyungကမင်းရှေ့ကထွက်သွားခဲ့ပြီးမှာ မင်းမှာHyungကိုပြောမပြနိုင်ခဲ့တဲ့အရာတွေရှိတယ်ဆိုတာ ဘာလို့ အခုမှhyungကသိရတာလဲ ဘာလိုလဲ ဘာလို့လဲ အခုဘယ်လိုလုပ်ကြမလဲ အာ့  ဟာ့ အီး'

သေဆုံးသူကောင်လေးတစ်ယောက်ရဲ့အရိုးပြားမှန်ဘောင်ရှေ့မှာ ဒူးနှစ်ဖက်ထောက်ကာ စာအုပ်လေးကိုတင်းတင်းဖတ်ပြီး ငိုကြီးမဲ့ချငိုနေသော ကောင်လေးတစ်ယောက် ဘယ်လောက်တောင်နာကျင်ခဲ့တာလဲ ဘယ်လောက်တောင်မုန်းနေခဲ့လိုက်မလဲ လှပတဲ့လိပ်ပြာလေးတစ်ကောင်ကတော့ ဒီနှစ်အတွင်းခိုနားစရာမရှိတဲ့ဘ၀လေးတစ်ခုထဲမှာ ဘယ်လောက်ထိလမ်းတွေပျောက်နေခဲ့လိုက်မလဲ နှစ်တွေအကြာကြီးသေလူတစ်ယောက်လိုဇာတ်မြုတ်နေနေခဲ့ပြီးမှာ အခုထိုလူရှေ့ကိုထပ်ပေါ်လာပြန်ပြီလား ရင်နာစရာဖြစ်ရပ်တစ်ခုအလားပဲ သွားတဲ့သူကသွားပြီ ကျန်ခဲ့တဲ့သူကတော့ နောင်တရရုံအပြင်ဘာမှမတက်နိုင်ခဲ့ဘူး သေဆုံးသူကောင်လေးရဲ့ဓာတ်ပုံကတော့အခုချိန်ထိ တစ်စုံတစ်ယောက်အတွက်ပြုံးပြနေတုန်းပဲ
နှစ်တွေဒီလောက်ကြာတာတောင် ထိုကောင်လေးကတော့စောင့်မျှော်နေတဲ့လူတစ်ယောက်ကိုစောင့်မျှော်ရင်း အထီးကျန်စွာ တည့်ရှိနေတဲ့မှန်ဘောင် Locker လေးထဲမှာချစ်ရသူရဲ့အနမ်းချွေခဲ့တဲ့ပန်းနဲ့အတူ ထာ၀ရငြိမ်းချမ်းစွာအိပ်စက်အနားယူနိုင်ခဲ့‌ လေသော်

********************

I Miss A Man Who Loves Butterflies

1935™
Haruto Kim Jun Kyu Fic mm sub 🌈

YaMin🐻

1935™©® Fic mm sub for Yours 💜

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: May 17, 2022 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

I Miss A Man Who Loves ButterfliesDove le storie prendono vita. Scoprilo ora