ဂျယ်ယွန်းကျောင်းဝန်းထဲကထွက်လာရောမိုးရာသီပီပီမိုးစက်ကလေးတို့ကရွာကျလာတယ်။
လက်ထဲကထီးလေးကိုဖွင့်ဆောင်းရင်းကိုကိုကို့စောင့်ဖို့ထွက်လာလိုက်တယ်။မိုးကပိုသည်းလာတာကြောင့်ထီးပါမလုံတာနဲ့bus stopမှာပဲထိုင်စောင့်လိုက်တော့၏။
bus stopအမိုးကနေစီးကျလာတဲ့ရှေ့ကမိုးစက်လေးတွေကိုလက်လေးနဲ့ခံယူဆော့ရင်းဂျယ်ယွန်းရဲ့အတွေးတို့ဟာလှပတဲ့အတိတ်ကလေးစီသို့
..
.
.
.
.
.
Flashback
"အဲ့လက်စွပ်ကိုရှင်ယူလိုက်တာမလား"
"ငါမယူပါဝူး"
"ရှင်မယူရင်ဘသူယူမှာလဲ။ရှင်ယူပြီးမဟုတ်ဟုတ်ကတွေလုပ်ပစ်လိုက်တာမလား"
"ဟုတယ်ကွာ....ယူတယ်ကွာ...ဘာဖစ်လဲ"
ခွမ်း(ပစ္စည်းများကျကွဲသံ)
"တော်ပါတော့ဘာတွေပြသနာရှာနေတာလဲ"
"မင်းကဘာသိလို့ဝင်ပါတာလဲငါလုပ်လိုက်ရသေတော့မယ်"
"ခင်ဗျားကိုလဲကြည့်ရလို့ကြည့်နေတာမဟုဝူးအမေကြာင့်သာပဲသည်းခံနေတာ...
"ဒီကောင်ပြောလေကဲလေ"
ခွပ်
ရုတ်တရက်ပါးပြင်ပေါ်ရောက်လာတဲ့လက်သီးတချက်
အရှိန်နဲ့မို့လဲကျသွားတဲ့ဂျယ်ယွန်းကိုထူပေးရင်းမခံမရက်နိုင်တဲ့အကြည့်တွေနဲ့မေမေက
"ရှင်ကျွန်မသားကိုလက်ပါစရာမလိုဝူး"အမေကသူအားရှိသလောက်တွန်းထုတ်ကာကွယ်ရှာသည်။
"ဖြန်း"
"မင်းကတွန်းထုတ်ရဲ့တယ်ပေါ့"ဟုဆိုကာအမေကိုပါးရိုက်လိုက်တယ်။
လူကအသားနာတာရောအမေကိုပါထိပါးလာတာရောကြောင့်ဒေါသတို့ကြီးစိုးကာထိုရိုင်းစိုင်းနေတဲ့လူကိုအားပါပါထိုးလိုက်သည်။
ယမကာကြောင့်ယိုင်နေတာရောဂျယ်ယွန်းရဲ့အားပါပါထိုးချက်ကြောင့်ရောထိုလူဟာအရှိန်ပျက်ကာဘေးကစင်နဲ့ခိုက်မိသွားသည်။