Part-2

1.2K 102 8
                                    

( Part-2 )

JungKookတစ်ယောက်
ရည်းစားနဲ့ မိဘတွေကြား စိတ်ရှုပ်လွန်းတာမို့ 'Dionysus' Barကို ရောက်တာနဲ့
သူငယ်ချင်းတွေဖြစ်တဲ့ ShinWooနဲ့
SaeHyunတို့ကိုပါ ခေါ်ရင်း သောက်စားခဲ့ကြသည်။

အကုန်လုံးက တောင့်တောင့်ဖြောင့်ဖြောင့်
ခန့်ချောကြီးတွေမို့ သူတို့ဝိုင်းကို ကောင်မလေးတွေက လှည့်ကြည့် လှည့်ကြည့် ။ သို့သော် သုံးယောက်လုံးကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပေ။

SaeHyunရဲ့ကောင်မလေးက
Doctorမလေးတစ်ယောက်ပင် ။
သူတို့ထဲမှာ ShinWooကသာ ချိန်ပါကြီး
ဖြစ်နေပြီး ရည်းစားဆိုလို့ မူးလို့ရှူစရာတောင်
မရှိပေ။
(ချိန်ပါကြီးဆိုတာ ကိုယ် ချိန်လိုက်တိုင်း သူများနောက်ပါ,ပါသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ပါနော်။
ShinWooကိုပြောတာပါ တခြားသူကိုမပြောပါဘူး
ဟုတ်🤩  )

JungKookတို့သုံးယောက်
သောက်စား စကားပြောနေကြတုန်း
Barထဲကို ဝင်လာတဲ့ ကောင်လေးနှစ်ယောက်ကြောင့် barကလူတွေအကုန်လုံးသတိလက်လွတ်ငေးမောနေကြလေသည်။
ဟိုနှစ်ကောင် ငြိမ်သွားလို့ ကြည့်လိုက်တော့
သူတို့က တနေရာကိုငေးကြည့်နေတာမို့ ၊
သူရော ဘာရယ်မဟုတ် လှည့်ကြည့်လိုက်မိသည်။

မြင်လိုက်ရသည်က

* အားပါးပါး ချောလိုက်တဲ့ကောင်လေးနှစ်ယောက်ဆိုတာလေ....
တစ်ယောက်က ခန့်ညားစွာ ချောမောနေပြီး
ကျန်တစ်ယောက်က အလှနတ်ဘုရားလေးလ်ို
လှပနေလေရဲ့...Modelတွေနဲ့ တူလိုက်တာ...*

JungKookတစ်ယောက်
ထိုကောင်လေးတွေကိုကြည့်ပြီး မော်ဒယ်လို့
တွေးမိတာနဲ့ တပြိုင်တည်း သူ့ရည်းစား Anna အကြောင်းပါ​ ခေါင်းထဲရောက်လာပြန်သည်။

*ဟူးး စိတ်ရှုပ်လိုက်တာ*လို့ စိတ်ထဲတွေးမိတာမို့
အပြင်မှာ သက်ပြင်းထွေထွေလေး ချလိုက်မိသည်လား မသိတော့ ။

ကြည့်လိုက်တော့ဟိုနှစ်ကောင်လည်း
သောက်နေတဲ့ဆီကို အာရုံပြန်ရောက်လာလေပြီ ။
ဟိုကောင်လေးနှစ်ယောက်လည်း သူတို့နားက
ဝိုင်းတစ်ဝိုင်းမှာ ထိုင်ပြီး Waiterကို
စားသောက်စရာတွေ မှာနေလေရဲ့။

JungKookဘာရယ်မဟုတ် ထိုကောင်လေးတွေကို ငေးကြည့်မိနေတုန်း SaeHyunက...

Love-flows [Ongoing]Where stories live. Discover now