အပိုင်း(၃) မတူညီ​သော လုံချီအဖြစ် နိုးထခြင်း

1.6K 204 8
                                    


လုံချီ အိပ်မပျော်ခင်ချိန်ထိ နောက်ဆုံးမှတ်မိလိုက်သည်ဆို၍ သူ System ကိုဆဲလိုက်ခြင်းကိုသာပင်။

သူဘာဖြစ်သွားတာလဲ။ သူ ဆယ့်သုံးကိုမေးစရာတွေရှိနေသေးတယ်လေ။

နောက်ထပ်တစ်ကြိမ် သူအကြာကြီးအိပ်ပျော်ခဲ့ပြီဟု ထင်ရသောအချိန်မှသာ ပြန်နိုးလာခဲ့သည်။ သူနိုးလာတာနှင့် မျက်စိရှေ့ကမြင်ကွင်းမှာပြောင်းလဲသွား၏။ သူက မက်မွန်ပင်ကိုမတွေ့တော့ပါချေ။ ထိုအစား စိမ်းစိမ်းစိုစိုသစ်ပင်တချို့နှင့် ချုံနွယ်တချို့တွေကိုသာတွေ့ရပြီး ကိုယ်တိုင်ကလည်း သစ်ပင်တစ်ပင်ရဲ့ ပင်စည်ကိုမှီကာထိုင်နေခဲ့သည်။

လုံချီမှာ အိပ်စက်ခဲ့သည်ဖြစ်လို့ အနည်းငယ်ဝေဝါးချင်နေသောမျက်လုံးများအား အကြိမ်အနည်းငယ် ပွတ်သပ်လိုက်ပြီးနောက် အရမ်းကိုနိုးကြားလာခဲ့သည်။ သို့သော် တစ်ခုခုကမှားယွင်းနေ၏။

လက်တွေက အရမ်းကြမ်းလွန်းနေတယ်။

လုံချီ ချက်ခြင်းပင် လက်ဖဝါးနှစ်ဖက်အားဖြန့်ကြည့်လိုက်မိသည်။ ခပ်တိုတိုလက်ချောင်းတွေရယ် မဖွံ့ဖြိုးတဲ့ လက်ဖဝါးလေးရယ်က အရွယ်မရောက်သေးသည့်ကလေးလက်လေးများမှန်းသိသာလှသည်။ သို့သော် အသားမာများတတ်နေခဲ့၏။

လုံချီမှာအခုမှ တဖြူးဖြူးတိုက်နေသည့်လေကို ထိထိမိမိခံစားနေရမှန်း သတိထားသွမိားကာ ကိုယ့်ပါးကိုယ်ပြန်ပုတ်လိုက်မိသည်။

အာ...နာတာပဲ။

ဒါကအိမ်မက်မဟုတ်ဘူးပဲ။ မဟုတ်ဘူး မဟုတ်ဘူး သူကအိမ်မက်လို့ဆိုချင်တာမဟုတ်ဘူး။ သူ့သေပြီး ခန္ဓာကိုယ်ထဲကထွက်လာတော့ ပေါ့ပါးနေတာကိုမှတ်မိသေးတယ်။ အခု အထိအတွေ့က အရမ်းကိုယုတ္တိဆန်လွန်းတာကြောင့် သူထင်တာမှန်ရင် သူကဝိညာဥ်ကူးပြောင်းလာခဲ့လောက်ပြီ။ ဒီလက်နဲ့ခြေတံတိုတိုလေးတွေကိုပဲကြည့်လေ။ ဒီခန္ဓာကိုယ်က ကလေးတစ်ယောက်ဆိုတာ သံသယဝင်စရာတောင်မရှိဘူး။

လုံချီမှာ ကိုယ့်ကိုယ်ကိုယ်ငုံ့ကြည့်ရင်း ခန္ဓာကိုယ်အသစ်အား စစ်ဆေးနေခဲ့သည်။ ရုတ်တရက် သူသတိထားမိသွားတာကတော့ အဝတ်စားများမှာ ရှေးခေတ်အဝတ်များဖြစ်နေခဲ့၏။ မသပ်မရပ်အဖာရာများနှင့် ညစ်ပေရေနေခဲ့သော်လည်း ရှေးခေတ်အဝတ်စားများမှန်းကတော့ သိနိုင်သေးပါသည်။

Qi Qi (ချီချီ)Donde viven las historias. Descúbrelo ahora