"မင်းကို အများကြီးမသောက်နဲ့လို့မောင်
ပြောတာကို ဘာလို့နားမထောင်တာလဲ။
တစ်ခါမှလည်းသောက်ဖူးသေးတာမဟုတ်ဘဲနဲ့
ကိုယ့်အခြေအနေကိုယ် မင်းမတွေးတတ်ဘူးလား""မင်းငါ့ကို ဆူနေမယ်ဆို ပြန်တော့..သွား"
လွှမ်းသုတ စိတ်မကြည်စွာ ပြောလိုက်မိသည်။
Group Chat မှာ စကားစပ်၍ပြောမိကြပြီးနန်းရတီ ၊ ထက်နှင်းဝေတို့ကလည်း Club သွားဖူးချင်သည်ဆိုတာနဲ့ ဝေမှူးပိုင်ရဲ့ club ကို သူတို့သွားခဲ့ကြခြင်းဖြစ်သည်။
Alcohol ကို မထိတွေ့ဖူးသေးသည့် အူရိုင်းပေမဲ့
ဆရာကြီးလုပ်ကာ နှစ်ပင်လိမ် ၊
သုံးပင်လိမ်တွေသောက်ခဲ့မိပြီးနောက်
အိမ်ရောက်ပါမှ ဆက်တိုက် အန်နေရသည့်အပြင်
ဗိုက်တွေပါ အောင့်လာသည်အထိ နေရထိုင်ရတာ
ဆိုးဆိုးရွားရွားဖြစ်လာတော့တာ ဖြစ်၏။ည ၁၂ ကျော်နေပြီဖြစ်တာကြောင့်
မေမေတို့ဖေဖေတို့ လည်းအိပ်နေပြီဖြစ်ကာ
ဆေးလည်း အသင့်မရှိတာကြောင့် ဝေမှူးပိုင်ကိုပဲ
လွှမ်းသုတ ဖုန်းဆက်လိုက်ရသည့်နောက်
ဝေမှူးပိုင်က ချက်ချင်းလာပို့ပေးခြင်းဖြစ်သည်။"အခုညဒီဆေးကိုသောက်ထား၊ မောင့်ကို မနက်ကျ
မင်းနိုးတာနဲ့ ဖုန်းဆက်။ စွပ်ပြုတ်လာပို့ပေးမယ်။
ကျန်တာလျှောက်မစားထားနဲ့..ကြားလား..""...."
"မောင်ပြောနေတာ ပြန်ဖြေ"
"အင်း..လို့..."
"မောင့်အနားလာပါဦး.."
သူ့ရဲ့Yamaha ဆိုင်ကယ်ကြီးကို မှီ၍ ရပ်နေသော
ဝေမှူးပိုင်က လွှမ်းသုတရဲ့ ခါးကို ဆွဲဖက်လိုက်ကာ
သူ့အနားသို့ဆွဲခေါ်၍ ခန္ဓာကိုယ်နှစ်ခုကို
နီးကပ်စေလိုက်သည်။လမ်းမီးတိုင်၏ ဝါကျင့်ကျင့်အလင်းရောင်တွင်
မြင်နေရသောဝေမှူးပိုင်၏ မျက်ဝန်းမှအကြည့်တွေသည် ညို့ငင်နိုင်စွမ်းအပြည့်ပါဝင်၏။ခါတိုင်းတွေ့နေကျလိုမျိုး..
Undercut ညှပ်ထားသည့် ဆံပင်တွေကို ဂျယ်လ်နဲ့
ပုံသွင်းထားခြင်းမရှိဘဲ Nike တံဆိပ် ဦးထုပ်
အနက်ကိုသာခပ်ငိုက်ငိုက်ဆောင်းထားသည်
ကလည်းကြည့်၍ကောင်းလှသည်။
ESTÁS LEYENDO
RO ( ရို ) (Completed)
RomanceMyanmar BL. Two Romantic love stories (Bitter sweet + Pure sweet) Uni Life OWN CREATION TEEN ROMANCE UNICODE/ZAWGYI Start Date : FEB 26 2022 End Date : JUNE 11 2022