အပိုင်း(၄) ပုစွန်နှင့်ငါးများ

1.2K 203 7
                                    

သစ်တော်ရိုင်းပင်အောက်တွင် ပိန်လှီနေသည့်ကလေးတစ်ဦးနှင့် စာဝါငှက်တစ်ကောင်ရှိနေကာ သစ်တော်သီးရိုင်းများကိုစားနေကျသည်။

လုံချီမှာ သစ်တော်ပင်၏ပင်စည်အားမှီနေရင်း သစ်တော်သီးကိုတကျွတ်ကျွတ်ကိုက်ဝါးကာ စဥ်းစားခန်းဝင်နေ၏။ ဆယ့်သုံးမှာ လုံချီခွဲပေးထားသော သစ်တော်သီးအပိုင်းစကို ဆိတ်ကာဆိတ်ကာနှင့် စားနေသည်။ သူတို့အတော်ကြာထိ တိတ်ဆိတ်နေပြီးမှ လုံချီက စာဝါငှက်အားကြည့်ကာပြောလိုက်သည်။

"အကောင်သေးလေးနဲ့ ဘာလို့အများကြီးစားနေတာလဲ ကိုယ့်ဗိုက်ကိုယ်မသယ်နိုင်ပဲ ပျံမရမှ ငှက်သိက္ခာကျနေဦးမယ်"

ဒသမဆယ့်သုံးမှာ လုံချီအားပေစောင်းစောင်းကြည့်လိုက်မိ၏။ ဒီလူအိုကြီးနဲ့သူ ဝိညာဥ်မကူးပြောင်းခင်က စကားပြောရတာအဆင်ပြေသလောက် တကယ်လည်းကူးပြောင်းလာရော အဆင်မပြေတဲ့အရိပ်ယောင်တွေရှိလာခဲ့သည်။ ထားပါလေ အမြဲတမ်းယဥ်ကျေးနေရင် ပျင်းစရာကောင်းနေမှာပေါ့။

ထိုသို့အတွေးနှင့် ဒသမဆယ့်သုံးမှာ လုံချီအားကျောပေးလိုက်ကာ ဆက်စားနေလိုက်သည်။ လုံချီကတော့ သူ့ဘက်ဖင်ပေးသွားသည့် ငှက်ကို စနောက်ချင်စိတ်များဝင်လာတော့၏။ အင်း...ဘာလုပ်ရမှန်းမသိသေးတဲ့ ဘဝသစ်တစ်ခုမှာ စနောက်ဖို့တစ်ယောက်ယောက်ရှိတာလည်း မဆိုးပါဘူး။

လုံချီက ထို စာဝါငှက်၏ အမြီးအား လက်ဖြင့်အသာတောက်လိုက်ရင်း ဆိုလိုက်သည်။

"ထပ်စားမနေနဲ့တော့ သွား အနီးနားမှာရေရှိလားသွားရှာချေ ဒီကောင်လေးက ဘယ်နှရက်တောင် ရေမချိုးပဲနေတာလဲမသိဘူး အဝတ်စားတွေကလည်း အရောင်တောင်မထွက်တော့ဘူး ကိုယ့်အနံ့ကိုယ်တောင်ပြန်ရနေပြီ"

အမှီးကိုအတောက်ခံလိုက်ရသည့် စာဝါငှက်လေးကတော့ လန့်ကာနောက်သို့ခုန်သွားပြီး လုံချီအား မယုံနိုင်သလိုကြည့်လိုက်၏။

[ဒီစာဝါငှက်က ခိုင်းစားဖို့မဟုတ်ပါဘူးဆိုမှ! ပြီးတော့ အဲကောင်လေးက သူ့အစ်မအတွက်ဝမ်းနည်းပြီးစိတ်ဓာတ်ကျနေတာ စားချင်စိတ်တောင်မရှိတာကို သူ့ကိုယ်သူ သန့်ရှင်းချင်စိတ်ရှိပါဦးမလား]

Qi Qi (ချီချီ)Tempat cerita menjadi hidup. Temukan sekarang