"ဘာစားချင်လည်း မှာနော် Winne..."
"Kha...Phi Nani..."
"ပြီးရင် ဘယ်သွားချင်သေးလဲ...."
"Phi Nani...ကျွန်တော်တို့က ပေါ်ပေါ်ထင်ထင် သွားလို့ ရလို့လား..."
"ရတော့ မရဘူးပေါ့...Winne သွားချင်တယ်ဆိုရင် ဖြစ်အောင် လိုက်ပို့ ပေးမှာပေါ့...."
"အဲ့ဒါဆိုရင်တော့ တနေကုန် လျှောက်သွားပစ်တော့မယ်..."
"သဘောပါဗျာ...."
ကလေးငယ်ဟာ ပျော်ပျော်ရွှင်ရွှင်၊ ပေါ့ပေါ့ပါးပါး ပုံရိပ်လေးနဲ့ သူ့ဘေးနား သက်တောင့်သက်သာ ရှိလို့နေ၏။ကိုယ် ဒီနေ့ ဖွင့်ပြောပြီးသွားရင်ရော...ဒီလိုပုံရိပ်လေး မြင်ရပါအုံးမလား... ကိုယ့်ကိုရော အရင်လို ပေါ့ပေါ့ပါးပါး ပြန်ဆက်ဆံပါအုံးမလား...ဒါတွေက တကယ် မသေချာ မရေရာတော့... ကလေးငယ်လည်း သူ့ကို ပြန်ချစ်နိုင်ကောင်းရဲ့...။ ကလေးငယ်ရဲ့ ပင်ကိုယ်စရိုက်အရ သူ့ကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်ပေမယ့် သူကတော့ လက်လွတ်မပေးချင်... ကိုယ်အရိပ်တကြည့်ကြည့် ကြည့်နေခဲ့ရတဲ့ကလေးလေ...။Leader ကြီး ဘယ်လောက် ကာကွယ်ပေးနိုင်တယ်ဘဲ ပြောပြော ကိုယ်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကလေးငယ်ကို ကာကွယ်ပေးခဲ့တာဘဲ...။
"ဘာကြည့်နေတာလဲ စားလေ...Phi ရဲ့..."
"အဟင်း...ခဏနေ ဘယ်သွားရင် ကောင်းမလို့လဲလို့ စဥ်းစားနေတာ..."
"အဲ့ဒါဆို Win ကို ကုန်တိုက်ကို ခဏလိုက်ပို့ပါလား..."
"သွားလေ...ဘာဝယ်ချင်လို့လဲ..."
"အဟင်း...ဟိုဟာ..."
"ဘာလဲ..တစ်ယောက်ယောက်ကို လက်ဆောင်ပေးမလို့လား.."
"ဟီး...Phi Nani က တော်လိုက်တာ...ဘယ်လို သိတာလဲ.."
"ဒီလိုပါဘဲ...ပြောပါအုံး...ဘယ်သူ့ကို ပေးမလို့လဲ..."
မသိနိုင်ရိုးလား ကလေးငယ်ရယ်လို့တော့ မပြောဖြစ်လိုက်တော့...။ဘယ်သူ့ကို လက်ဆောင်ပေးမှာမို့ ဒီလောက်တောင် တက်ကြွနေရသလဲ....။
"ဟို...Phi Baii ကို ပေးချင်တာ..."
"Phi Baii..?.."
"ဟုတ်တယ် Leader ကြီးက Win ကို ကူညီပေးခဲ့တာ အများကြီးလေ...Win က မသိဘဲနဲ့ သူ့ကိုတောင် အမြင်မကြည် ဖြစ်ခဲ့သေးတာ..."
ESTÁS LEYENDO
Falling In Love (Completed)
FanficPlot ရတိုင်း ထရေးချင်ပေမယ့် လူက အဲ့လောက် မလိုက်နိုင်ဘူး ဖြစ်နေတယ် မြတ်နိုးရာလေးတွေမို့ Fiction ထဲ ထည့်သိမ်းထားချင်တဲ့ သဘောပါ ဒီထဲမှာတော့ Phi Bright ကို ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း ပုံဖော်ထားပါတယ် အမြဲတမ်း ခံစားချက်တွေကို ဖုံးကွယ်တတ်လွန်းလို့ ခံစားချက...