Ch 34

4.5K 309 16
                                    

  "Baby! မရဲ့လက်ကိုင်အိတ်ရော?"

  "အဝတ်လဲခန်းထဲက တတိယမြောက်ဗီရိုရဲ့ဒုတိယအံဆွဲထဲမှာ..၊ "

2min laters ;

  "Baby! မရဲ့နီလာလည်ဆွဲလေးရော..ရေမချိုးခင်က မှန်တင်ခုံပေါ်မှာတင်ခဲ့သလားလို့"

  "မှန်တင်ခုံအပေါ်က ညာဘက်ခြမ်းအံဆွဲဒုတိယအကန့်မှာ.."

   "Baby ရေ.."

   "Baby ရေ..."

အိမ်တော်အတွင်း ယွန်းဟွာ၏Babyရေ ဟူသောအသံကပဲ့တင်ထွက်နေသည်။အပြင်တစ်ခါထွက်ခါနီးတိုင်း အနားကပ်မှထထလုပ်တတ်သော သူမ၏အကျင့်ကြောင့်ဒုက္ခရောက်ရသူက ဂျီဟျွန်းတစ်ယောက်တည်းသာ။ယခုလဲ ဂျီဟျွန်းကစာကြည့်ခန်းထဲတွင်စာလုပ်နေသော်လဲ ယွန်းဟွာက တဘက်တစ်ထည်ကို ပတ်ကာ စာကြည့်ခန်းရှေ့တွင်ခေါက်တုံ့ခေါက်ပြန်သွားရင်း သူ့ကိုမေးနေလေသည်။

ရေးလက်စဘောပင်ကိုချကာ သူပြုံးလိုက်မိသည်။သူ့အမျိုးသမီးလေးတမင်တကာရစ်နေတာကို သူသိသည်။ပုံမှန်ဆိုအပြင်သွားကာနီးတိုင်း သူ့ပစ္စည်းများကို အိမ်စေများကိုကြိုပြင်ခိုင်းထားလေ့ရှိသည်။ယခုကြမှ အိမ်စေများကိုမပြင်ခိုင်းပဲ သူ့ကိုတမင်တကာ လိုက်ရစ်နေခြင်းပင်။အဘယ့်ကြောင့်ဆိုသော် နေ့လည်စာစားချိန်တုန်းက သူ့ရဲ့Companyကို လာလည်ရင်း သူ့အတွင်းရေးမှူးအသစ်ကိုတွေ့ကာ သဝန်တွေတိုသွားသည်လေ။

ကျောင်းပိတ်ရက်များတွင်သာ Companyတွင်ရှိတတ်သူမို့ အတွင်းရေးမှူးကိုပင်ဖြူသလားမဲသလားမသိပေ။သို့သော် မ ကတော့ ရုံးခန်းထဲဝင်လာကတည်းက ထိုအတွင်းရေးမှူးကိုကြည့်ကာ သူ့ကိုမကြည်တော့ခြင်းပင်။ဘုရားစူးရပါစေရဲ့ သူ့အတွင်းရေးမှူးကို သူလုံး၀ပင်သတိမထားမိကြောင်းရှင်းပြရာတွင် စကားပုံအသုံးမှားသောကြောင့် သူ့ကိုကောက်နေခြင်းပင်။

သူကလဲသူပေ၊ စိတ်တိုနေသော မ ရှေ့မှာမှ

   "မောင်စီးတဲ့မြင်း အထီးလားအမလားတောင် မောင်မသိပါဘူးဗျာ..." ဟု ပြောမိသည်လေ။

ထိုအခါမှပင် မ သည်

   "အဲ့တာဆို နင်က သူ့ကိုတက်စီးချင်သေးတာလား?!" ဟုဆိုကာ သူ့ကိုစိတ်တိုနေခြင်းပင်။

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Where stories live. Discover now