မောင် ~~~~♥

430 28 0
                                    


'' UNICODE ''

မောင့်ရဲ့ပျော်ရွှင်မှုဟာဂျေးအတွက်
ဖန်တီးရာမို့မောင်စေလိုရာစေပါမောင်................

မောင့်မျက်နှာညှိးမှာဂျေးမလိုလားတာမို့
ဂျေးနာကျင်ရလည်းဂျေးဟာကျေနပ်​ေနပြီးသားပါ.............

ဂျေးဘဝမှာမောင်သာလျှင်
နားခိုရာလေးမို့ဂျေးအနားကမောင်ထွက်သွားမှာတော့ဂျေးကြောက်တယ်ကွယ်........

အတ္တကြီးရမယ်ဆိုမောင်ဆိုသည့်လူသားငယ်လေးကိုတော့
ကျွန်တော့အနားတွင်အပိုင်သိမ်းထားချင်မိပါသည် ။

ချစ်တယ်မောင်.......................❤🖤



------------------------------မောင် -----------------------------------------------------





မောင်နဲ့ကျွန်တော်ကသိပ်ချစ်ကြတဲ့ချစ်သူတွေဖြစ်ခဲ့ဖူးသည် ။
မောင်ကသိပ်ချမ်းသာတဲ့လူတစ်ယောက် ကျွန်တော်ကတော့အညတရအဆိုတော်လေး
တစ်ယောက်ပေါ့ ။
မောင်နဲ့တွေတုန်းကဆိုကျွန်တော့်ရင်ထဲတလှပ်လှပ်နဲ့ခုန်နေခဲ့တာကျွန်တော်မှတ်မိပါသေးတယ်လေ ။

'' ဒါလေးကဂျေးဟာထင်တယ် ''

'' ဟုတ်...ဟုတ်တယ် ဟီဆွန်းရှီး ''

'' ကျွန်တော်ကဂျေးထက်ငယ် တော့ဟီဆွန်းလို့ပဲခေါ်လို့ရပါတယ် ''

တစ်ယောက်နဲ့တစ်ယောက်ပြုံးပြနှုတ်ဆက်တဲ့အဆင့်ကနေ
မိတ်ဆွေသူငယ်ချင်းအဖြစ်ကျွန်တော့်ဆန္ဒတစ်ခွန်းမပါဘဲ
သတ်မှတ်ခဲ့တဲ့မောင်ဟာ
ဂျစ်တစ်တစ်ခလေးဆိုးလေးတစ်ယောက်လိုအူယားဖို့ကောင်းနေပြန်ပါသေးသည် ။

ဘယ်သူ့ရှေ့မှာမှခေါင်းမငုံဖူးတဲ့ကျွန်တော့်လိုကောင်က
ကိုယ့်ထက်ငါးနှစ်လောက်ငယ်တဲ့မောင့်မျက်နှာနုနုကိုခေါင်းပင်မဖော်နိုင်အောင်
အရှက်သည်းဖူးတဲ့အခါဆံနွယ်တွေကိုထိုးဖွရင်း
မောင်ကချစ်ဖို့ကောင်းတယ်ဟုခဏခဏပြောလေ့ရှိဖူးသည် ။

'' ဂျေး မောင့်ကိုချစ်တယ်မလားဟင် ''

မောင်ကသိပ်လူလည်ကျလိုက်တာ
ချစ်ခွင့်ကိုမောင်တောင်းနေတာမှဟုတ်ရဲ့လားလို့ကျွန်တော်လေအံသြရပါသေးတယ်
မောင်ကသူ့ကိုကျွန်တော်ချစ်နေတယ်ဆိုတာသိနေခဲ့သလို
ကျွန်တော်အဖြေပင်မပေးရသေးမောင့်သဘောနဲ့မောင်ချစ်သူသက်တမ်းတောင်
ရက်သတ်မှတ်ပြီးနေလေပြီ ။

You've reached the end of published parts.

⏰ Last updated: Apr 09 ⏰

Add this story to your Library to get notified about new parts!

မောင် ~~~~~~♥Where stories live. Discover now