Unicode
တီ တီ တီ!
ဖုန်းမှ မြည်လာသော alarm သံကြောင့် မှိုင်းမျက်လုံးလေးများ ဖျတ်ခနဲ ပွင့်လာကာ အိပ်ရာမှ ထလိုက်ပြီး ခပ်သွက်သွက် ပြင်ဆင်ရတော့သည်။ထို့နောက် လွယ်အိတ်ကို ဆွဲကာ အောက်ထပ်ကို ပြေးဆင်းလိုက်ပြီး ထမင်းစားခန်းထဲ ဝင်လိုက်တော့ smart ကျကျ မနက်စာစားနေသော မင်းခကြောင့် မှိုင်း မျက်နှာမှာ ငရုတ်သီးလို ပူနွေးလာ၏။မှိုင်း ခြေသံကြောင့် မင်းခ ဖျတ်ခနဲ စိုက်ကြည့်လာပြီး
"မနက်စာ စားသွားရမှာနော်"
"ဟုတ်"
မင်းခ စကားသံကြားမှ မှိုင်း ကိုယ်ရှိန်သပ်လိုက်ကာ ခပ်ကုတ်ကုတ်ဖြင့် မင်းခ ဘေးတွင် ဝင်ထိုင်လိုက်ပြီးမှ မနက်စာ စားပွဲကို ဝေ့ကြည့်လိုက် သောအခါ ခေါပုတ်ကြော် ကောက်ညင်းကျည်တောက်ကြော် တို့ ပြင်ထားသည်ကို တွေ့လိုက်ရ၍ မှိုင်း မျက်လုံးလေးများက လက်ခနဲ။
ရှမ်းပြည်သားပီပီ ရှမ်းပြည်စာများကို မှိုင်း အလွန်ကြိုက်ပါ၏။မှိုင်း ပူပူနွေးနွေး ခေါပုတ်ကြော် တစ်တုံးကို ကောက်ဝါးလိုက်ကာ အရသာခံရင်း ပြုံးမိသွားသည်။
*ခေါပုတ်ကြော်မှ မဟုတ်ဘဲ။ခေါပုတ်ကို မီးနဲ့ကင်ထားတာ။ဒီလို အသေးအမွှားကိစ္စလေးကအစ မှတ်ထားတာလား။ဒီလူကြီး ရုပ်တည်ကြီးနဲ့…*
ခေါပုတ်ကို ဆီတရွှဲရွှဲဖြင့် ကြော်ထားလျှင် သဘောမကျသော မှိုင်းစိတ်ထဲမှ တွေးရင်း ပြုံးမိသွားတော့သည်။မင်းခ အရင်စားပြီးသွား၍ မှိုင်းပုခုံးလေးကို ပုတ်ကာ မှာစရာရှိသည်ကို မှာပြီးနောက် အလုပ်ကို အရင်ထွက်သွားတော့၏။မှိုင်းလည်း မနက်စာကို ခပ်သွက်သွက် စားလိုက်ပြီးနောက် ကျူရှင်သွားရန် မစီးတာကြာပြီ ဖြစ်သော Click ဘီးလေးကို ထုတ်စီးလာတော့သည်။
ကျူရှင်မှ ဆင်းဆင်းခြင်း အပြင်သွားလည်ဖို့ ဇွတ်ခေါ်နေသော သီဟနဲ့ ယိင်းကို မှိုင်း အကြောင်းပြချက် ပေါင်းစုံဖြင့် မနဲခွာချကာ စိုင်းယံနဲ့ ချိန်းထားသော ဆိုင်သို့ မနဲလစ်ထွက်လာရ၏။
ခမ်းနားထည်ဝါကာ အနောက်တိုင်းဆန်ဆန်ဖြင့် သီးသန့်ဆန်သော ဆိုင်အပြင်အဆင်ကြောင့် ဆိုင်ထဲ ဝင်ဝင်ခြင်း၌ မှိုင်းမျက်မှောင်ကြုံ့မိသွားသည်။ဝန်ထမ်းတစ်ယောက်က မှိုင်းကိုမြင်သည်နှင့် သီးသန့်ခန်း တစ်ခုတွင် နေရာချပေးလာ၍
YOU ARE READING
မှိုင်း(Complete)
RomanceUnicode ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆိုင်းပြီး ချယ်ရီတွေဝေနေတဲ့ တောင်တန်းမြေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ကွယ်။တောင်တန်းမြေကို ချစ်တယ်။ချယ်ရီပန်းတွေကို ချစ်တယ်။ ပြီးတော့ ခေါပုတ်သ...