Zawgyi
"သေချာပေါက်ကျွန်တော့်အပိုင်ဖြစ်လာရမယ်"
နှစ်ယောက်ကြားထဲဝင်လာသည့်အပြင် အလိုမကျ အမိန့်ပေးနေသလို စူးရဲသည့်အကြည့်နဲ့ကြည့်လာသည့်အဏ္ဏဝါကြောင့် ထိုဥရောပသားက မျက်ခုံးပင့်ရင်း နားမလည်သလိုနှုတ်ဆက်၏။
"Ciao... Perché? (Hello... Why?)"
"Non toccare il mio. (ငါ့သက်ဆိုင်သူကိုမထိနဲ့)"
"Che cosa? (What?)"
မယုံနိုင်သလိုရေရွတ်ပြီးအဆုံးမှာ ရှန်းကိုကျော်ကြည့်လိုက်သည့်ထိုသူရဲ့မျက်နှာမှာ ကြေကွဲသွားသည့်အရိပ်အယောင်တွေကထင်းလာသည်။
မေးကိုအနည်းငယ်မော့ထားသည့်အဏ္ဏဝါကိုတစ်လှည့် ရှုပ်ထွေးနေဟန်မျက်ခုံးတွန့်ထားသည့်ရှန်းကိုတစ်လှည့်ကြည့်ရင်း အတော်ယုံကြည်ရခက်နေပြီးမှ သူကရှန်းကိုမေး၏။"Shann... Really?"
"What?... မင်းဘာလာလုပ်နေတာလဲ... ငါJamesနဲ့စကားပြောမလို့"
အဏ္ဏဝါရဲ့လက်က ခါးကနေအဖယ်ခံလိုက်ရသလို အနောက်ကိုလည်း နည်းနည်းနောက်ဆုတ်ပေးလိုက်ရလေ၏။
အဏ္ဏဝါအဖို့ ဒီလိုအဖယ်ခံလိုက်ရတာသည့်အတွက် ယုံကြည်မှုလေးက ယိုင်နဲ့သွားပြီး သဘောမကျသလိုရှန်းကိုသာကြည့်နေမိတော့သည်။ထိုစဉ်မှာပဲ ထိုဥရောပသားက ရှန်းကိုကျောပြင်ကနေအသာကိုင်ရင်း သူ့နားခေါ်ကာ ရယ်ရယ်ပြုံးပြုံးနဲ့နှုတ်ဆက်စကားတွေစဆိုလေ၏။ ရှန်းနဲ့မြသဝဏ်ကလည်း အသိအကျွမ်းဟောင်းတွေလို စိတ်ပါလက်ပါ စကားတွေပြောနေပြန်တော့ အဏ္ဏဝါရဲ့အလိုမကျမှုက စက္ကန့်နဲ့အမျှတိုးလာ၏။
သူတို့ကိုကြည့်ပြီး တိတ်နေသည့်လူနှစ်ယောက်ကတောင် တခြားဝိုင်းကိုထွက်သွားလေပြီ။ ကိုယ်ရေးကိုယ်တာတွေနဲ့တင်းမာနေတာ သိသာတာမို့ ဝင်မရှုပ်ဘဲ ဖယ်ပေးလိုက်ကြလေသည်။
အာရုံစိုက်နေခဲ့သူတွေကလည်း အခုတော့ ရှန်းတို့ကစကားပြောနေကြပြီမို့ အရေးမကြီးသလို မသိဘာသာ သူတို့အာရုံနဲ့သူတို့ပြန်ဖြစ်သွားကြ၏။သို့ပေမယ့် တစ်ယောက်တည်းငြိမ်ကျသွားသည့်အဏ္ဏဝါက အနီးတဝိုက်ကလူတွေအတွက်တော့ သတိထားမိစရာလိုဖြစ်နေတာကြောင့် ရှန်းက သူတို့စကားဝိုင်းထဲ အဏ္ဏဝါကိုဆွဲသွင်းပေးဖို့လုပ်လေသည်။
YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...