Part1

12 1 0
                                    

Unicode

ဤ ficတွင်ပါရှိသော အကြောင်းအရာများသည် မည်သည့်ပုဂ္ဂိုလ်ကိုမှရည်ညွှန်းထားခြင်းမရှိပါ!!!

ကချင်ပြည်နယ်ကချောင်ကျတဲ့ရွာလေးတစ်ရွာဖြစ်တဲ့ အုန်းလက်ညိုရွာလေး၀ယ်...

"သားလေး ဟိုရောက်ရင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နော် စာကိုတစ်လတစ်ခါမှန်မှန်ပို့ အမေတို့နဲ့အဆက်အသွယ်မပြတ်စေနဲ့နော်"

"ဟုတ်ကဲ့ပါအမေ သား အမေ့ဆီအမြဲဆက်သွယ်ပါ့မယ်"

"သား ဟိုရောက်ရင် မင်းဦးလေးက ဖုန်း၀ယ်ပေးလိမ့်မယ် အမေပိုက်ဆံထည့်ပေးထားတယ် အဲ့ဖုန်းနဲ့ဆက်လို့ရရင်လဲဆက်နော် အမေတို့ဘက်က လိုင်းမမိတာများတော့ ခက်လှပါရဲ့"

"ကျွန်တော် အမေ့ကို မရရတဲ့နည်းနဲ့အမြဲဆက်သွယ်နေမှာပါ စိတ်မပူပါနဲ့‌ဗျ"

"အင်းပါ သားရယ် ဒါဆိုလဲ သွားတော့နော် အချိန်လင့်နေမယ်"

"ဟုတ် အမေ သားခွင့်ရက်တွေဘာတွေရရင်ပြန်လာမယ်နော်"

အထူး လဲ မျက်ရည်ဝဲကာသူ့ကိုနှုတ်ဆက်နေတဲ့အမေရဲ့ပါးကို တစ်ချက်လှမ်းနမ်းရင်း ဆိုင်ကယ်ပေါ်တက်လာခဲ့လိုက်သည်။

သူတို့မှာ အမေတစ်ခုသားတစ်ခုသာရှိသည်မို့ အမေ သူ့ကိုစိတ်ပူတာကလဲမဆန်း..

သူကိုယ်တိုင်ကလဲ လူကောင်သေးနေသည်မို့ အမေကပို၍စိတ်မချရခြင်းဖြစ်မည်။

သူတို့သားအမိအကြောင်းပြောပြရရင်တော့ သူ့ရဲ့မိခင်က ဒေါ်ခိုင်ထူးဖြစ်ပြီး ဖခင်ကတော့ သူငယ်ငယ်ထဲကဆုံးသွားတာလို့အမေပြောဖူးတယ် အမေက အမေ့အကြောင်းမေးရင် မျက်ရည်ကဝဲလာတတ်သည်မို့ သူလဲအထူးတလည်မမေးဖြစ်

အမေက အဖေ့ကိုသိပ်ချစ်ပုံရသည်။သူ့ကိုတောင်အဖေရဲ့နာမည်ကိုမပါပါအောင်ထည့်ပေးထားတာတဲ့လေ ဒါကြောင့်မို့ သူ့နာမည်ကလဲအဆန်းဖြစ်နေတာ "မော်လီထူး" တဲ့ သိပ်နားထောင်ရဆိုးတဲ့နာမည်... ကိုယ့်နာမည်ကိုယ်ပြန်ကြားမိတိုင်းသဘောမကျစွာနဲ့ ‌မျက်မှောင်သာအမြဲကျုံ့မိသည်။

အမေက အဖေ့ကိုချစ်တယ်သာပြောတာ အဖေ့နာမည်ကိုတောင်သူ့ကိုတစ်ခါတောင်မပြောဖူး ဒါပေမယ့် အမေက သူ့ကိုတော့ အဖေနဲ့တူတယ်လို့ ခနခနပြောသည်။

You've reached the end of published parts.

⏰ Last updated: May 20, 2022 ⏰

Add this story to your Library to get notified about new parts!

My OleanderWhere stories live. Discover now