Ones in the Millions (Part-41)

197 17 3
                                    

Ones in the Millions (Part-41)

'တီ..တီ..တီ..´

Miyoung , Taemin ဆီမှ ဖုန်းချ လိုက်ရင်း သူ့ ဖုန်းအား ဖွင့်လိုက်သည့် အချိန် တွင် ရုတ်တရပ် ဖုန်းမြည် လာတော့သည်..။

'Yobo sae yo??´

'နင် ငါ့လက်ထဲက မလွတ်ပါဘူး..´

သူ ဖုန်းထဲမှ ကြားလိုက်ရသည့် အသံ ကြောင့် လန့်သွားတော့ သည်..။

'Jung cora?!! ´

'.....´

'နင်! ငါ့ဆီက ဘာလိုချင် လို့ အခုလို လိုက်နှောက်ယှက် နေတာလဲ??´

' ငါလိုချင်တာ ပြောပြီးပြီ လေ..´

'နင် ငါ့ကို လုပ်ခဲ့တာတွေ ကို ငါ ဘယ်သူ့မ ပြန်မပြော ပါဘူး.. အဲ့တာကြောင့် ငါ့ကို ချမ်းသာ ပေးပါ.. စိတ် ဒုက္ခ လိုက် မပေးပါနဲ့..´

'နင်က ဖုန်းလေး ပိတ်ပြီး seoul ကနေ ခဏ ထွက်သွားရုံနဲ့ အားလုံး ပြီးသွား လိမ့်မယ် ထင်တာ လား?´

'ငါက ဘာလုပ်ပေး ရဦးမှာ လဲ??´

သူ ရုတ်တရပ် စိတ်မထိန်းနိုင်ပဲ Cora အား အော်မိ သွားသည်..။

'ထွက်သွား.. ငါတို့ရှေ့က ပျောက်ကွယ်သွား..´

'ငါက ဘာကိစ္စ နင်ခိုင်းတိုင်း လုပ်ရမှာလဲ??´

'Onew ဓာတ်ပုံတွေ.. အားး.. ပြီးတော့ Taemin မနက်ဖြန် ဆေးစစ်ချက် ထွက်မှာဆို..´

'နင် ဘယ်လို သိတာ လဲ?´

သူ အထိတ်တလန့်  နှင့် ပြန်မေးလိုက်သည်..။

' ငါ မသိတာ ဘာမှ မရှိဘူး.. အဲ့တော့က.. နင်...´

'.....´

' ခွဲစိတ်ရင်း မတော်တဆ သွေးထွက် လွန်ပြီး သေ သွားတာ တို့.. ဆရာဝန် ဆုံးဖြတ်ချက် မှားသွားလို့ လူနာ အသက်ဆုံးရှုံး သွားတာ တို့ ကြားဖူးလား??´

'နင်! ငါ့ကို ခြိမ်းခြောက် နေတာ လား??!´

Miyoung အော်ရင်း မျက်ရည်များ စီးကျ လာတော့သည် ။

'Tae..Taemin ကို ဘာမှ မလုပ်ပါနဲ့ .. ငါ့ကိုပဲ လုပ်ပါ..´

'Woa.. ချစ်ပြနေလိုက်တာ.. အဲ့တာဆိုလဲ ငါ ခိုင်းတဲ့ တိုင်း လုပ်လိုက်ပေါ့..´

Ones in the Millions(Hiatus)Where stories live. Discover now