Unicode Ver : Part-5
Jimin ရုတ်တရက် ရယ်ချလိုက်တဲ့ ကောင်လေးကို
ကြည့်လိုက်တော့မှ*အာ ဒီကောင်...ဟိုတလောက Taeနဲ့ Dionysus သွားတုန်းက ငါ့ကို စိုက်ကြည့်နေတဲ့နှာဘူးကောင်ပဲ....
ဒီလိုဝတ်စုံအပြည့်နဲ့ကြတော့လည်း လူကောင်းလေးကြနေတာပဲ* ဟု တွေးနေမိတော့သည်။
ပါးစပ်မှလည်း ဘာရယ်မဟုတ်...."အော် ဟိုတလောက Barမှာတွေ့ခဲ့တဲ့ နှာဘူးကြီးပဲ!!'' ဟုထွက်သွားလေတော့ မားတို့ တီလေးတို့ကပါ ကြည့်လာတာကြောင့် ကိုယ့်ပါးစပ်ကို လက်ကလေးနှင့် အမြန်သာ ပြန်ပိတ်လိုက်ရသည်။
🍓🍓🍓🍓🍓
Jungkook တစ်ယောက် သူ့ကိုနှာဘူးဟုအော်ပြီး
သူ့ပါးစပ်လေးကို လက်ပုစိလေးနဲ့ အသည်းအသန်
ပြန်ပိတ်လိုက်ပြီး မျက်လုံးလေး တောင်ကြည့် မြောက်ကြည့်ဖြစ်နေတဲ့ သူ့ရှေ့က ကြက်ပေါက်စလေးကိုကြည့်ကာ အူအသည်းတွေ ကလိကလိနဲ့ဖြစ်နေရသည်။သူ့ကိုနှာဘူးလို့ပြောသည်ကိုလည်း စိတ်မဆိုးနိုင်ပါ။
သို့သော် တခြားလူပြောရင်တော့ တခါတည်းအသေသတ်ပစ်လိုက်မည်။ သို့သော် အခုပြောတဲ့သူက Park Jiminဖြစ်နေတာမို့...။တကယ်ကို ရှေ့က ဖြူဖြူသေးသေးလေးက
သူ့ထက်ကြီးတယ်ဆိုတာကြီးကို ခုထိမယုံနိုင်ပေ။ JungKookက သူ့Hyungပေါက်စရဲ့ နာမည်နဲ့ အလုပ်အကိုင်ကိုသိပေမဲ့ အသက်ကိုတော့
မစူးစမ်းမိပါ။ သူ့(JK)စိတ်ထဲတွင် Jiminကို
သူ့ထက် ငယ်မယ်ဟုသာ လုံးဝ တွေးထင်ထားလိုက်တာမို့လေ။ ဘာနဲ့ယှဥ်ယှဥ် သူက ပိုကြီးတာမို့ လုံးဝကို သူ့ထက်အသက်ပိုကြီးမယ်လို့ မတွေးမိပေ။
[A/n; ဟုတ်ကဲ့ အရပ်တို့ Body sizeတို့ကိုပြောတာပါနော်... တခြားဟာတွေးမိနေမှာစိုးလို့ ပြောပြတာပါ ကျေးဇူးဟီဟီ]🍓🍓🍓🍓🍓
Jiminတစ်ယောက်JungKookကိုကြည့်ပြီး အာမေဍိတ်သံ ထွက်လာတော့ Jeonကတော်နဲ့ Parkကတော်လည်း ကြောင်သွားရပြီး
Jeonကတော်က မေးခွန်း ထုတ်လာ၏။"သားတို့သိနေကြတာလား?''
Jk: ''သိပါတယ်''
Jm: ''မသိပါဘူး!!''
ဒါကို ကလေးနှစ်ကောင်က တစ်ပြိုင်တည်း
ပြောကြလေတော့ သခင်မကြီးနှစ်ယောက်မှာလဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာပြုံးလိုက်လေသည်။ ဒီကလေးတွေ တစ်ခုခုတော့ တစ်ခုခုပင်။
YOU ARE READING
Love-flows [Ongoing]
Fanfiction''မောင့်ကလေးလေးရေ မောင့်ကိုမထားခဲ့ပါနဲ့ကွာ...မောင် မှားခဲ့တာတွေအတွက် တောင်းပန်ပါတယ်...မောင့်အသက်လေးကိုလည်း မောင်က ပိုချစ်ပေးပါမယ်..ကျေးဇူးပြုပြီးတော့လေ....'' *Jeon JungKook * '' မင် မယုံရဲတော့ဘူးမော...