အပိုင်း(၇) ကောသူငယ်ချင်းလေးများ

1K 163 5
                                    

လုံချီ၏ ထင်းစည်းပြုတ်ကျသံသည် မလှမ်းမကမ်းမှ ကောငယ်လေးနှစ်ယောက်အား လှမ်းကြည့်လာစေသည်။ သူတို့သည် လုံချီအားမြင်သော် အနားရောက်လာကျပြီး...

"မင်းအဆင်ပြေရဲ့လား"

ရှန်မိသားစု၏ ကောလေးနှစ်ယောက်သည် ဝူရွာရှိ လုံချီအား နိမ့်ကျသည်ဟုမမြင်သော ကလေးအနည်းငယ်ထဲမှာ ပါဝင်ကျသည်။ တခြားကလေးများက လုံချီအား ရွံစရာအနာတစ်ခုလိုရှောင်ဖယ်ကျသော်လည်း သူတို့ကမူ လုံချီမှာ သနားစရာကောင်းသည်ဟုသာမြင်ကျ၏။

ရှန်ရန်ရန်သည် အစပိုင်းကတော့ ထင်းစည်းက လေးလို့ပြုတ်ကျတာဖြစ်မည်ဟုထင်သော်လည်း လုံချီ၏ခန္ဓာကိုယ်မှာ တုန်ယင်နေသည်ကိုသတိထားမိသွားကာ အတွေးတစ်မျိုးပြောင်းသွားသည်။ ဒီလုံချီက ပိန်လှီလွန်းကာ လူကြီးများကလည်း လုံမိသားစုက သူ့အားကောင်းကောင်းမကျွေးဟု သူကြားဖူးထားသည်။ ဒီကလေးက ဗိုက်ဆာနေခြင်းပဲဖြစ်ပါလိမ့်မည်။

ထိုသိူ့အတွေးနှင့် ရှန်ရန်ရန်သည် သူ့အမေထည့်ပေးလိုက်သော မုန့်ပိုင်းလေးအားထုတ်ကာ လုံချီလက်ထဲထည့်ပေးကာပြောလိုက်သည်။

"မင်းဗိုက်ဆာလို့လား ဒါလေးစားလိုက်နော်"

ရှန်ချင်ချင်ကလည်း သူ့အကိုလုပ်ရပ်ကိုမြင်သော် သူ့ရဲ့မုန့်ပိုင်းလေးကိုထုတ်ကာ သူ့အကိုအားပေးလိုက်သည်။

"အကို ငါရဲ့မုန့်ပိုင်းလည်းပေးလိုက်ပါ သူ့ကိုကြည့်ရတာ အရမ်းဗိုက်ဆာနေပုံရတယ် ငါဗိုက်မဆာပါဘူး"

ရှန်ရန်ရန်က သူ့ညီလေးအား ခေါင်းငြိမ့်ပြကာ သူ့ညီလက်ထဲက မုန့်ပိုင်းကိုလည်း လုံချီ၏လက်ထဲသို့ထည့်ပေးလိုက်ပြီး...

"မြန်မြန်စားလိုက်နော် ငါတို့ကိုအားနာဖို့မလိုဘူး"

လုံချီမှာ လက်ထဲကမုန့်ပိုင်းလေးများကိုမြင်မှ အသိပြန်ဝင်လာရသည်။ ဘာတွေဖြစ်သွားတာလဲ။ ဘာလို့ဒီကလေးနှစ်ယောက်က ရုတ်တရက်ကြီး သူ့ကိုမုန့်တွေလာပေးရတာလဲ။ လုံချီက အခြေနေအမြန်သုံးသပ်ကာ ဤကောင်ငယ်လေးနှစ်ယောက်မှာ အထင်လွဲသွားမှန်း နားလည်လိုက်ရသည်။ သူစိတ်ထဲကပြောလိုက်၏။

Qi Qi (ချီချီ)Where stories live. Discover now