"မင်္ဂလာပါဗျ ကျုပ်က မိုးဆွေပါ ကြီးတော်လာခေါ်ခိုင်းလို့ပါ။"
ရထားဘူတာရုံသို့ ပုဆိုးကို ကွင်းလုံးကျွတ်ဝတ်ထားတာ ပုဆိုးကို ပတ်ထားသော အနှီကောင်လေးကိုကြည့်လိုက်တော့ကလေးသာသာပင်။ရောင်နီကို ထိုကောင်ငယ်လေးကိုကြည့်ကာပြုံးရယ်လိုက်ပြီး
"ကိုင်း မင်းကိုအရင်က မမြင်ဖူးပါဘူး။မင်းကဘယ်သူလဲ"
"ကျုပ်က ကြီးတော်ရဲ့မွေးစားသားပါ။အစ်ကိုက ရောင်နီဆည်းဆာဖြစ်မယ်။"
ရောင်နီခေါင်းငြိမ့်လိုက်သည်။သည်ရွာလေးကိုသူမရောက်သည်မှာ အတော်ပင်ကြာလေပြီပဲ။သည်တော့ ထိုကောင်ငယ်လေးကိုမသိရခြင်းမှာထူးဆန်းခြင်းပင်မဟုတ်။
"မောင် သူက အရီးရဲ့မွေးစားသားဆိုတော့စိတ်ချလက်ချလိုက်သွားလို့ရတယ်။"
"မောင်သိပါတယ် အသက်ရဲ့...."
ရုတ်တရက်ခေါ်လိုက်တဲ့အသုံးနှုန်းလေးကြောင့် ရောင်နီမျက်နှာလေးမှာခရမ်းချဉ်သီးလေးအတိုင်းနီတာရဲလေးဖြစ်သွားသည်။
"မောင်ဗျာ...လာသွားမယ်။"
ဘူတာရုံကထွက်တော့အပြင်ဘက်တွင်ရပ်ထားတဲ့နွားလှည်းလေးတစ်စီးပေါ်သို့ မျောက်လောင်းသဖွယ်ခုန်တက်လိုက်တဲ့ကောင်လေးကိုကြည့်ပြီး ရောင်နီရောကိုမောင်ပါ ပါးစပ်အဟောင်းသား။
"အစ်ကိုတို့တက်ပါဗျ ကျုပ်က ကလေးသာသာပေမယ့် လှည်းမောင်းကျွမ်းပါတယ်။"
ကိုမောင်ကရောင်နီ့အနားသို့တိုးညှင်းစွာကပ်ပြောလိုက်ပြီး
"အသက်ရေ ဟုတ်ကောဟုတ်ရဲ့လား မောင်က သေရွာကနေပြန်လာတာကြာသေးတာမဟုတ်ဘူးနော်"
ရောင်နီလည်း ရယ်လိုက်တော့သည်။ရောင်နီကတော့ထိုကောင်ငယ်လေးကိုယုံသည်။အညာဒေသဘက်မှာတော့ အသက် ၁၂/၁၃ အရွယ်လောက်ကတည်းကနွားထိန်း၊သိုးထိန်း၊ဖြစ်နေကြတာသဘာဝပင်။အခုကောင်ငယ်လေးမှာလှည်းမောင်းတတ်တာတော့သူ့အတွက်အထူးဆန်းတစ်ခုပင်မဟုတ်။
သို့ပေမယ့် ကိုကိုမောင်ဆိုတဲ့သူအဖို့တော့သေချာပေါက်အထူးဆန်းဖြစ်နေမှာတော့သေချာသည်။ ရောင်နီလည်းခေါင်းခါလျက်
ရွာရဲ့ရိုးရာအစဉ်လာတွေနဲ့တစ်ခြားထူးဆန်းတာတွေပါမြင်ရင်ပိုလို့တောင်အံဩမှင်တက်သွားမှာအသေချာပင်။