24. Chapter (12.2)

402 64 2
                                    


ဒီတခေါက် ချန်ကျင်းဖုန်း သူမကိုတွေ့ချင်နေတယ်။ မီဒီယာအတွက်ပဲဖြစ်ရမယ်။ သူ့မှာ ဟယ်ရှို့နဲ့တူတဲ့အကြံရှိပေမယ့်လည်း ဟယ်ရှို့လိုတော့ မမိုက်မဲဘူး။ သူနဲ့ ညှိနိုင်းရမယ့်အချက်ရှိတာ သေချာတယ်။မုန့်မိသားစုက ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးအနေနဲ့ ဒီကိစ္စရဲ့အဓိကအချက်ကတော့ မုန့်ချူ ကိုယ်တိုင်ရှင်းလင်းဖို့ပဲ။ မုန့်မိသားစုလည်း အဲ့တာကိုရှင်းလင်းနိုင်ပေမယ့် မုန့်ချု ဖြေရှင်းတာထက် အကျိုးသက်ရောက်မှုကတော့ တူညီမှာမဟုတ်ပေ။


လွီမုန့် : "ငါနင်နဲ့ လိုက်ခဲ့မယ်"


မုန့်ချူ : "မဟုတ်ဘူး။ ငါတစ်ယောက်တည်းသွားနိုင်တယ်။"


"စိတ်မပျော့လိုက်နဲ့။"


"ငါတကယ် ပျော့ညံ့နေမှာမဟုတ်ဘူး။"


လွီမုန့် မုန့်ချူကိုလိပ်စာပြောပြပြီးတော့ မုန့်ချူဖုန်းချလိုက်ပြီး ထမင်းစားပြီးတာနှင့် အဝတ်အစားလဲရန် ပြန်သွားခဲ့သည်။


အချိန်အတော်ကြာ စကားမပြောခဲ့တဲ့ System က လေးနက်တဲ့အသံနှင့် : "ဒီပြဿနာက မူရင်းဇာတ်ကွက်နဲ့ ကွက်တိပဲ။ ကျေးဇူးပြုပြီး သူတို့ကို မစွပ်စွဲပါနဲ့ မတ်တပ်ရပ်မနေပါနဲ့။ System က ပိုရက်ရောတဲ့ဆုလောဘ်တွေပေးမှာပါ။"


မူရင်းဝတ္ထုမှာ မုန့်ချူနှင့်ချန်ကျင်းဖုန်းတို့ စေ့စပ်ပွဲဖျက်သိမ်းပြီးနောက် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့တိုးတက်မှုကို ဖော်ပြထားခြင်းမရှိပေ။ ဇာတ်လိုက်နဲ့ဇာတ်လိုက်မင်းသမီးတို့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာကိုလည်း မဖော်ပြထားဘူး။


မုန့်ချူရဲ့အရံအမျိုးသမီးဇာတ်ကောင်က သာမန်လူတစ်ယောက်နဲ့ လက်ထပ်ပြီး အဆုံးသတ်ခဲ့တယ်။ အခု မုန့်ချူမတ်တပ်ရပ်ပြီး ဇာတ်လိုက်နဲ့ဇာတ်လိုက်မင်းသမီးကို ဝေဖန်ရင် ဇာတ်ကွက်က ဘယ်လိုဆက်သွားမလဲ။

ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)Where stories live. Discover now