ဖေဖေသာဓုခေါ်ပါ

58 8 0
                                    

🎵အဖေ့ဓာတ်ပုံလေးရှေ့မှာ ပန်း၊ရေ၊ဆီမီးနဲ့
   မမေ့အပ်ပုံတွေးပါလို့
   ဖေဖေ သားကန်တော့ပါတယ်လေ🎵

ဒီနေ့က အဖေများနေ့တဲ့။
သားလေ ဖေဖေ့ကို သိပ်လွမ်းတာပဲဖေဖေရယ်။
အခုဆို သားကိုစိတ်မချပေမယ့် နောက်ဆံတင်းစွာ ဖေဖေထားရစ်ခဲ့သည်မှာ ဆယ်နှစ်တောင်ရှိပြီနော်။
အချိန်တွေမည်မျှပဲကြာရှည်ခဲ့ပါစေ ဖေဖေမရှိတော့ပြီဟုတွေးလိုက်တိုင်း သားရဲ့ရင်ညွတ်ဆီမှသည် ခပ်ဆူးဆူးနာကျင်သွားစမြဲပါပဲ။

ငြိမ်သက်နေသောဖေဖေ့ရုပ်အလောင်းအားကြည့်၍ ဖေဖေတကယ်ဆုံးသွားတာ ဟုတ်မှဟုတ်ပါရဲ့လား၊မေ့မျောနေတာများလားဟု ဖေဖေ့ရုပ်အလောင်းအားမြေမြှုပ်ဂူသွင်းပြီးသည်အထိ တွေးနေမိခဲ့ပါသေးသည်။
ဒါပေမယ့် ဖေဖေက ကျွန်တော့်ကို လောကကြီးအလယ်တစ်ယောက်ထဲ တကယ်ကြီးထားပစ်သွားခဲ့တာ။

အုပ်ဂူသွင်းရင် တော်တော်နဲ့မကျွတ်ဘူးလို့ အယူသည်းတဲ့သူတွေကပြောကြတယ်။"တော်တော်"ဆိုတဲ့ စကားလုံးရဲ့ အချိန်ကာလဟာ မည်မျှအတိုင်းအတာထိရှိလိမ့်မည်နည်း။
သေချာတာကတော့ ဖေဖေဟာကျွန်တော့်ရင်ထဲ၊စိတ်ထဲဝယ်တွင်တော့ အခုချိန်ထိ မကျွတ်လွတ်သေးတာအမှန်ပါ။
ကျွန်တော့်ရဲ့နေ့စဉ်ဘဝ၊ညစဉ်အိမ်မက်တွေမှာ ဖေဖေဟာသက်ဝင်လှုပ်ရှားနေဆဲ…။
ဒါ့ကြောင့် အိမ်ဦးခန်းရဲ့တစ်နေရာမှာ ဖေဖေ့ရဲ့ဓာတ်ပုံလေးအားထား၍ ထိုဓာတ်ပုံလေးရှေ့တွင်တော့ ပန်း၊ရေ၊ဆီမီး၊စားသောက်ဖွယ်များအား နေ့စဉ်ထားရှိကန်တော့ခဲ့တာ ယနေ့ထိတိုင်ပါပဲ။

ဖေဖေရှိစဉ်၊ကျွန်တော်ကလေးဘဝအရွယ်ကပေါ့…

ကျောင်းသွား၊ကျောင်းပြန်အချိန်တွေဆို ဖေဖေက ကျွန်တော့်ကို ကုန်းပိုးပေးခဲ့တာ။
အဖေတစ်ခုသားတစ်ခုဘဝမို့ ဖေဖေသည်သာ ကျွန်တော့်ဘဝအတွက် အရာရာပါ။ဖေဖေ့အတွက်လည်း ကျွန်တော်သည်သာ အရေးပါဆုံးလူသားဖြစ်ခဲ့ရပါတယ်။

ဖေဖေက ကုန်ထမ်းအလုပ်သမားတစ်ဦးဗျ။
ကျောင်းအပ်တဲ့နေ့တွေဆို ဖောင်မှာအချက်အလက်တွေဖြည့်တိုင်း ဖခင်အလုပ်အကိုင်နေရာမှာ "ကုန်ထမ်း"လို့ ပြုံးပြုံးကြီးဖြည့်ရဲခဲ့တယ်။သမာအာဇီဝကျကျရှာဖွေလုပ်ကိုင်တဲ့ဖေဖေ့အလုပ်အား မည်သူက နိမ့်ကျသည်ဆိုဦး ကျွန်တော့်အတွက်ကတော့ ရှက်စရာလို့ပင်မယူဆခဲ့ဖူးပါဘူး။

ချင်းတွင်းသက်သေနှင့်အခြားဝတ္ထုတိုများ(ချင်းတွင်းသက်သေနှင့်အခြားဝတ္ထုတိုများ)Donde viven las historias. Descúbrelo ahora