Zawgyi
~ "ငါကမင်းနဲ့ပဲသက်ဆိုင်သူပါ" ~
"မင်းရဲ့ကွန်ဒို ဟုတ်လား"
"အင်း... ဒီညဒီမှာပဲအိပ်လိုက်... မိုးကအရမ်းသည်းနေတာ အဝေးကြီးမောင်းပြန်လို့မကောင်းဘူး"
ရှန်းက အပြင်ကို လှမ်းအကဲခတ်ရင်း စဉ်းစားလိုက်သေးသည်။ တကယ်လည်း မိုးကုန်ခါနီးမှာသည်းသည်းမည်းမည်းရွာနေသည့်မိုးက လန့်လောက်စရာပဲမို့ မောင်းရသူအတွက်စဉ်းစားကြည့်ပေးပြီး ခေါင်းညိတ်လိုက်၏။
ဒီတော့အဏ္ဏဝါက ဆင်းသွားပြီးကားတံခါးဖွင့်ပေးသည်။ ယိုင်တိုင်တိုင်နဲ့ ရှန်းကတော့ မတ်တပ်ရပ်လိုက်မှပိုပြီးလေးလာသည့်ခေါင်းကြောင့် စိတ်ညစ်လာသည်။
ကားကိုမှီထားပြီး မျက်လုံးမှိတ်ထားရင်း သူကမေးလိုက်သည်။"မင်းအခန်းက ဘယ်နှစ်လွှာမှာလဲ "
"နှစ်ဆယ့်နှစ်လွှာမှာ"
ထိုအဖြေကြောင့် ရှန်းက မှန်တံခါးတွေနဲ့ကွန်ဒိုကိုမော့ကြည့်လိုက်မိသည်။ ညည်းညူ ချင်စိတ်လေးဖြစ်လာပေမယ့် မတတ်နိုင်ဘူး၊ တစ်ကိုယ်လုံးကိုမသယ်နိုင်အောင်လေးလံနေပေမယ့်သွားရမှာပဲဆိုပြီး သွားဖို့အလုပ် အဏ္ဏဝါက တားလိုက်ပြီးပွေ့ချီလိုက်၏။
"အလိုကျချွဲလို့ရတဲ့ချစ်သူတစ်ယောက်လုံးကို မေ့ထားတာလား"
ရှန်းကမသိမသာလေးသာပြုံးလိုက်မိပေမယ့် ဘာမှပြန်မပြောဘဲ အဏ္ဏဝါရဲ့ရင်ဘက်ကိုသာမှီထားရင်း မျက်လုံးမှိတ်ထား၏။
အဏ္ဏဝါကတော့ ရင်ခွင်ထဲကလူကိုခဏခဏငုံ့ကြည့်နေမိပြီး သွေးစို့နေသည့်ပေါက်ရာလေးက ယောင်လာတာတွေ့တော့ မျက်ခုံးတွေတွန့်မိလေသည်။သွားရာလမ်းတစ်လျှောက် တချို့က ကွက်ကြည့်ကွက်ကြည့်လုပ်ပေမယ့် ဒီတစ်ခါတော့ရှန်းက ဘာမှမဟန့်သလို ရုန်းလည်းမရုန်း။ အဏ္ဏဝါကလည်းမှုမနေပါ။ သူ့အခန်းရှိရာကိုသာ တန်းတန်းမတ်မတ်သွားလေသည်။
အခန်းထဲရောက်တော့ အရမ်းကိုသစ်လွင်ကောင်းမွန်သည့်အခန်းဖွဲ့စည်းပုံကို ရှန်းက စိတ်ဝင်တစားကြည့်လိုက်မိပြီး
"ဒီအဆောက်အဦးကမင်းပိုင်တာပဲလား"

YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...