ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၂)
" ဘယ်လို?
တိလေးအိမ်ပြန်မလာဘူးဟုတ်လား "" ဟုတ်တယ်အကို၊
ညနေကတည်းကပြန်မလာတာ ဒီမနက်အထိပဲ "သစ္စာအရမ်းစိတ်ပူမိနေပြီ။ ကတိဆိုတဲ့ကလေးက ဘယ်မှသွားတက်လာတက်တာမဟုတ်။ယုပ်စွအဆုံး ဈေးသွားခိုင်းရင်တောင်လမ်းမှားအောင်သွားတက်တဲ့ကလေး။အပြင်ထွက်ရမှာအသေကြောက် ဘယ်လိုကြောင့်ပျောက်သွားတယ်စဉ်းစားမရ။ ညနေကတည်းကအိမ်ပြန်မလာတာတဲ့။ အိမ်နှင့်အလှမ်းအနည်းငယ်ဝေးသော ကန်ရေပြင်ဆီကိုတော့သွားတက်သည်။
ရှိတာမှ ဒီညီလေးတစ်ယောက်တည်း သစ္စာအပူမီးဝိုင်းနေပြီ။ ဒီနှစ်(10)တန်းမို့သစ္စာက ကျောင်းတက်ရန်ခေါ်ထားခြင်းသာ။
နယ်ကတက်လာတာကြောင့် လည်လည်ဝယ်ဝယ်မရှိသောကလေးမို့ပိုပြီးစိတ်ပူပန်ရ၏။" ဘယ်လိုဖြစ်ရတာလဲမေချိုရာ ကို. . .ပြောထားတယ်လေညီလေးကိုတစ်ယောက်တည်းအလွတ်မပေးပါနဲ့လို့ "
" ချို့အမှားပါကို မနေ့ညနေက ချိုသူ့နဲ့ရန်ဖြစ်လိုက်မိတယ် "
" ဘာ "
" ဒီလိုပါ အဲ့နေ့ကချို သူ့အခန်းထဲဝင်ပြီးသန့်ရှင်းရေးလုပ်တော့ ဗလာစာအုပ်အဟောင်းလေးတွေ့တယ် ချိုလည်းဟောင်းနေပြီဆိုတော့
ယူပြီးမီးရိူ့ပစ်လိုက်မိတယ် "" ဟာ ချိုရာ ဘာလို့မီးရိူ့လိုက်ရတာလဲကွာ သွားပါပြီ "
" ချိုမသိလို့ပေါ့ စာအုပ်က ကိုတို့အမေရဲ့ဒိုင်ရာရီစာအုပ်ဆိုတာ သူပြန်လာတွေ့တော့ ချိုနဲ့ရန်ဖြစ်ပြီးထွက်သွားတော့တာပဲ "
" ဘယ်ဘက်ကိုထွက်သွားလဲသိလား "
" ကန်ဘက်ထင်တာပဲ "
သစ္စာ အလောတကြီး ကန်ဘက်ဆီ ဆိုင်ကယ်မောင်းပြီးထွက်သွားလေတော့သည်။
ကိုကြီး တိလေးကိုမတွေ့တွေ့အောက်ရှာမယ် တိလေး။* * * * * * * *
ညကဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကိုပြန်တွေးကြည့်ပြီး တိအလွန်ဝမ်းနည်းမိသည်။ ဘာတဲ့ သူနဲ့နေရမယ်တဲ့။ ကိုယ်နဲ့မသိတဲ့လူတစ်ယောက်ရဲ့အိမ်မှာနေရမည်တဲ့။ဘယ်ဘဝကရေစက်ဆိုးတွေများလဲ ဝဋ်ကြွေးရှိရင်ဒီမျှနဲ့သာကျေပါစေတော့။
YOU ARE READING
ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)
Romanceအချစ်ဆိုတာ သူတို့နှစ်ယောက်အတွက်တော့ အမုန်းကနေစတင်ဖြစ်ပေါ်လာတဲ့အရာ။ အမုန်းရဲ့လက်တစ်ကမ်းမှာ အချစ်ရှိနေခဲ့မယ်မှန်းသာ သူစောစောကသာ သိခဲ့ရင် အချစ်လမ်းဆိုတဲ့သူက ကတိဆိုသောကောင်လေးကို......။ အချစ်ဆိုတာ သူတို့နှစ်ယောက်အတွက်တော့ အမုန်းကနေစတင်ဖြစ်ပေါ်လာတဲ့အရာ။ အ...