Zawgyi
"တစ်ကိုယ်လုံးမှာ အမှတ်အသားတွေနဲ့!!!
ခါးလည်း နာနေတာတဲ့!!!"အိမ်တံခါးမကြီးကိုပိတ်ပြီးပြန်အလှည့်မှာပဲ ရှန်းမှာ တံခါးရွက်ပေါ်ဖိကပ်ခံလိုက်ရပြီး ပြင်းပြစွာအနမ်းခံလိုက်ရတော့သည်။
မေးရိုးအစပ်နားမှာထိန်းကိုင်ထားပြီးတော့ကို လှုပ်မရပြုမရအောင်အတင်းအနမ်းခံနေရခြင်း။ အလျင်လိုပြီးကြမ်းရှသည့်လှုပ်ရှားမှုကိုတုံ့ပြန်ဖို့တော့ကြိုးစားကြည့်သေးသည်။ သို့သော် သူ့ကိုတုံ့ပြန်ခွင့်တောင်မပေး၊ တစ်ဦးတည်းသာ ခြယ်လှယ်စိုးမိုးနေပုံကြောင့် ရှန်းမှာငြိမ်ခံနေရုံပြင်မရှိတော့။ ထိုအချိန်မှာပဲ သည်လူငယ်ဘာကြောင့်လုပ်ပြန်သလဲဆိုတာ ဦးနှောက်ကိုအလုပ်ပေးနေမိသည်။
တစ်ဖက်ကတုံ့ပြန်မှုမရှိတော့ချိန် အဏ္ဏဝါကနမ်းနေတာကိုရပ်လိုက်ပြီး သူ့ကိုအကဲခတ်နေသည့်မျက်ဝန်းငြိမ်ငြိမ်သက်သက်တွေကို စိုက်ကြည့်သည်။
"ကျေနပ်ပြီဆိုရင်ဖယ်တော့"
"မကျေနပ်သေးဘူး"
"အဏ္ဏ အွန့်"
အတင်းပြန်နမ်းလာတာကြောင့် မိုးရေတွေနဲ့ရွှဲနေသည့်ရင်ဘက်ကျယ်ကို အသာတွန်းရင်းရုန်းမိသည်။ သို့သော် ငါးမိနစ်ကြာလောက် ထပ်အနမ်းခံလိုက်ရတာသာ အဖက်တင်သွား၏။
နှုတ်ခမ်းကိုလိမ်းထားသည့် ကော်ဖီတွေလည်းတစ်စက်မှမကျန်တော့သလို နာနေတာအရှင်းမပျောက်သေးသည့်နှုတ်ခမ်းတွေက အခုဆို ကျိန်းပြီးနီရဲတွတ်သွားလေပြီ။
အခုထိ မျက်နှာထားမလျှော့သေးသည့်ရေစက်လက်ဆံပင်နဲ့အဏ္ဏဝါကို ရှန်းက အမြင်ကပ်သလိုမော့ကြည့်လိုက်ပြီး မေးလိုက်သည်။
"ငါ့ကိုဘာလို့မဲနေတာလဲ"
"အစ်ကိုကျွန်တော့်ကိုဆွထားလို့လေ"
စူပုပ်ပုပ်မျက်နှာကိုခဏကြာငေးကြည့်ပြီးနောက်မှာတော့ အကြောင်းအရင်းကို ရှန်းသိသွားပြီ။
"အဏ္ဏဝါ... မင်းငါ့ကိုယုံတယ်မဟုတ်ဘူးလား"
"ယုံပေးထားတယ်"
VOCÊ ESTÁ LENDO
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...