အခန်း(၁)
**********
ညင်သာနူးညံသောအထိအတွေ့တစ်ခုက နှုတ်ခမ်းအစုံမှသည်နှလုံးသားရဲ့အနက်ရှိုင်းဆုံးဆီသို့စိမ့်ဝင်သွားတဲ့ခံစားမှု့ တဖြေးဖြေးမြန်ဆန်လာတဲ့နှလုံးခုန်သံနဲ့အတူ ရှူထုတ်ရန်ပင်ခက်ခဲလာသောအသက်ရှူငွေ့ တီတီ တီတီ
လက်မှာပတ်ထားသောကျန်းမာရေးလက်ပတ်မှ အလန်းသံကြောင့် သမိုင်းသစ် မျက်လုံးအစုံပွင့်လာသည် ဟူးးး
အခုမှပင်အသက်ဝဝ ရှူလို့ရတော့သည်။ လက်အစုံကမွေ့ယာခင်းကိုအဘယ်မျှဆုပ်ကိုင်မိထားသည်မသိ လက်ထိပ်ကလေးများပင်အနီရောင်သန်းနေသည်။အိပ်ခန်းမီးရောက်ပြပြလေးအောက်မှာ ချွေးတွေရွဲနေသောရင်ဘတ်အစုံက နိမ့်ချီမြင့်ချီနှင့်ပင်။ဘေးနားမှာချွတ်ထားသောစပို့ရှပ်ကိုဝတ်လိုက်ရင်းကုတင်ဘေးခုံပေါ်ကရေဘူးကိုယူကာ မော့သောက်ချလိုက်သည်။ ဘယ်လောက်တောင်လည်ချောင်းခြောက်နေလဲမသိ တစ်လီတာရေဘူးကိုလက်နှစ်လုံးစာလောက်ပင်ကျန်တော့သည်။ဟူးးးး နောက်တစ်ခါသူလေကိုအားရပါးရရှူရင်းမှုတ်ထုတ်လိုက်သည်။ အနမ်း ဘယ်သူမှန်းမသိပေမဲ့ အိပ်မက်ထဲမှာသူ လူတစ်ယောက်နဲ့နမ်းနေသည်။ နမ်းနေရင်းကပင်သူ အသက်ရှူရပ်မတက်ဖြစ်လာသည်။ ထိုခံစားမှု့ကိုသူ ခုံမင်သလို ကြောက်လဲကြောက်မိသည်။ တစ်ခါဆို ညပိုင်းရှူတင်ရိုက်ရင်း အလှည့်စောင့်နေတုန်းဆိုဖာပေါ်အိပ်ပျော်ရင်း ထိုအိပ်မက်မက်တာ တကယ်နှလုံးခုန်ရပ်တော့မလိုပင်။မမမေ အခန်းထဲဝင်လာရင်းသူကိုတွေ့မိေတာ့ရေနဲ့အပက်မြန်လို့ပင်။ မဟုတ်ရင်ခုချိန်မှာ သရုပ်ဆောင် သမိုင်းသစ် ဆိုတာ ရှိမနေတော့ပေ။ ထိုအချိန်ထဲက မမမေက သူ့အတွက်ကျန်းမရေးလက်ပတ်ကိုအမြဲဆောင်ခိုင်းထားလေသည်။သူနာရီကိုလှမ်းကြည့်လိုက်တော့ မနက်၅နာရီခွဲနေပါပြီ ညကနိုက်ဆင်းရိုက်ရတာကြောင့်သူ၂နာရီလောက်မှ အိမ်ပြန်ရောက်တာပင်။မနက်ပိုင်းအားနေတာကြောင့်အိပ်ရေးဝဝအိပ်ရတော့မယ်တွေးထားပေမယ့်ထိုအိပ်မက်ကြောင့်ဆက်အိပ်လို့မရတော့ပေ။းေခါင်းလဲနောက်လာတာနဲ့သူရေချိုးဖို့ဆုံးဖြတ်လိုက်သည်။
ဒေါက် ဒေါက် ရေချိုးခန်းထဲဝင်ဖို့လုပ်နေတုန်းတံခါးခေါက်သံကြားလို့သူပြန်လှည့်လိုက်သည်။
YOU ARE READING
ရာဇဝင်တွင်မဲ့ အနမ်း
Romanceဤစာထဲမှာပါသောအကြောင်းအရာများသည် မိမိ၏ စိတ်ကူးအတွေးအမြင်များသာဖြစ်ပါသည်။ တူညီခဲ့သောအကြောင်းအရာများအမည်များ စာသားများပါခဲ့လျှင် တိုက်ဆိုင်မှု့သက်သက်သာဖြစ်ကြောင်းအနူးအညွန့်တောင်းပန်အပ်ပါသည်။ ပထမဦးဆုံးစရေးတဲ့သူအို့အမှားများလိုအပ်ချက်များပါရှိခဲ့ပါလျှင်...