ရာဇဝင်တွင်မဲ့ အနမ်း part 2

854 16 0
                                    

အခန်း(၂)
**********
လေယာဥ်ပေါ်က ဆင်းလိုက်တာနဲ့ sun လွမ်းနေခဲ့တဲ့ အမိမြန်မာပြည်ရဲ့လေကို အားရအောင်ရှူရှိုက်လိုက်ပါသည်။ ဒီလေ ဒီမြေ ဒီရေနဲ့ သူခွဲခွာခဲ့တာ ၁၀နှစ်တောင်ရှိခဲ့ပြီပေါ့ ။ သူ၁၀နှစ်သားထဲက မာမီရဲ့နောက်အိမ်ထောင်ကြောင့်နိုင်ငံခြားကိုပြောင်းနေခဲ့တာဖြစ်သည်။ခုအသက်နှစ်ဆယ်ပြည့်တော့မာမီက ကိုယ့်အားကိုယ်ကိုးနိုင်ဖို့အတွက်ရော သူကိုနိုင်ငံခြားမှာပဲ အချိန်မကုန်စေချင်တာကြောင့်ရောနဲ့မြန်မာပြည်မှာရှိတဲ့မာမီသူငယ်ချင်းအန်တီ
မြတ်ယွန်းမေဆီလွှတ်လိုက်တာဖြစ်သည်။အန်တီမေက အေဂျင်ဆီထောင်ထားတာဆိုတော့ သူသင်ယူချင်တာနဲ့လဲကိုက်ညီပါသည်။ သူလဲအန်တီမေလို့ အေဂျင်ဆီထောင်ခြင်တာပဲဖြစ်သည်။ မာမီကတော့သူလုပ်ရင်အစစအရာရာထောက်ပံပေးမယ်ဆိုပေမယ့်သူကတော့မိဘကိုအားမကိုးချင်တော့။ မာမီနောက်အိမ်ထောင်က သူ့အပေါ်ကောင်းပေမဲ့လဲ သူကမာမီနဲ့ပတ်သတ်မှတော်ရတာဖြစ်သည်။နိုင်ငံခြားမှာအနုပညာနဲ့ကျောင်းပြီးထားပေမဲ့သူစီမံခန့်ခွဲတာနဲ့ပတ်သတ်တဲ့သင်တန်းတွေကိုတော်တော်များများတက်ထားသည်။အချိန်ပိုင်းအလုပ်ကရတဲ့ပိုက်ဆံနဲ့မာမီပေးတဲ့မုန့်ဖိုးပိုက်ဆံတွေသူစုထားတာရှိသည်။ သူ့အတွက်လိုတာကလုပ်ငန်းအတွေ့အကြုံပြီးတော့မြန်မာပြည်ကသူ့အတွက်လောလောဆယ်တော့အစိမ်းသက်သက်ပဲဖြစ်သည်။
သူလေဆိပ်ထဲဆင်းလာတော့သူ့ကိုလာကြိုမဲ့လူကိုရှာနေမိသည်။ဟော တွေ့ပါပြီ welcome sun (or)nay ma kha သူနာမည်နဲ့ဘုတ်ကိုကိုင်ထားတဲ့လူတစ်ယောက်။
ထိုသူက သူ့ကိုမြင်တာနဲ့လက်တစ်ဖက်ထောင်ပြလေသည်။အန်တီမေသူ့ဓာတ်ပုံပြထားသည်ထင်ပါရဲ့ ဖုန်းထဲကကြိုပြောထားပုံအရဆို မန်နေဂျာ အကိုထင်တယ်။
ထိုလူကသူ့အနားကိုလျှောက်လာရင်းသူတွန်းလာတဲ့ခရီးဆောင်အိတ်တင်တွန်းလှဲကိုပြောင်းယူလေသည်။

"ကျေးဇူးအကို"
"သြော် မြန်မာစကားပြောတက်သားပဲ"
"ပြောတက်ပါတယ်အကိုရဲ့ အဖေမြန်မာ အမေမြန်မာက မွေးထားတဲ့ မြန်မာနိုင်ငံသားစစ်စစ်ပါ"
"ဟုတ်ပါပြီ"
သူ့ကိုယ်သူ မြန်မာစစ်စစ်ပါလို့ပြုံးပြီးပြောနေသောကောင်လေးကိုမင်းပိုင်သေချာကြည့်မိပါသည်။နိုင်ငံခြားမှာအနေများပေမယ့်နိုင်ငံခြားသားတွေလိုအသားကနီစက်စက်မဟုတ်ပဲ ဝင်းမွတ်နေလေသည်။ငါးပေကိုးလက်မရှိတဲ့သူ့အရပ်ထက်တောင်အနည်းငယ်ရှည်နေတာဆိုတော့ခြောက်ပေလောက်တော့ရှိမယ်ထင်တယ်။လူကပိန်နေပေမယ့်ပိန်ရှည်နေတာမျိုးမဟုတ်ပဲသူ့အရပ်နဲ့သူ့ကိုယ်လုံးကလိုက်ဖက်နေလေသည်။ရယ်နေမှမဟုတ်ပဲစကားပြောရင်းတောင်ပေါ်နေသောပါးဖောင်းဖောင်းပေါ်ကပါးချိုင့်တစ်ဖက်နှင့်ရှေ့သွားလေးနှစ်ချောင်းကအနဲငယ်ကြီးနေသောကြောင့်သူ့မျက်နှာလေးကချောတယ်ဆိုတာထက်ကလေးလိုချစ်ဖို့ကောင်းနေသည်။ရှေ့ကနေလမ်းလျှောက်ရင်းဟိုကြည့်ဒီကြည့်နဲ့မို့ မင်းပိုင်မှာသူ့ကိုစောင့်ပြီးတွန်းလှဲကိုတွန်းရသည်။မျက်တောင်ရှည်ကြီးတွေအောက်ကမျက်လုံးဝိုင်းဝိုင်းကြီးတွေကြောင့် သူမြင်နေရတာတွေက သူ့အတွက်ထူးဆန်းနေတယ်ဆိုတာသူ့မပြောလဲသိနိုင်ပါသည်လေ။ကားရပ်ထားတဲ့နေရာရောက်တော့မင်းပိုင်သူ့ကိုလှမ်းခေါ်လိုက်ပါသည်။

ရာဇဝင်တွင်မဲ့ အနမ်းOnde histórias criam vida. Descubra agora