"အဆင်ပြေရဲ့လား CEO Lim"
လက်ထဲကစာရွက်စာတမ်းတွေကို အာရုံစိုက်ကြည့်နေရင်းကနေ အတွင်းရေးမှူးမလေးရဲ့အသံက နားထဲတိုးဝင်လာတယ်။ မျက်လုံးနှစ်ဖက်ကိုမှိတ်ထားပြီး လက်ချောင်းတွေကမျက်ရိုးတစ်လျှောက်နှိပ်နယ်လိုက်ရင်း အသာလေးပဲခေါင်းငြိမ့်ပြမိတယ်။ မနက်ကတည်းက ခေါင်းကိုက်နေခဲ့တာမို့လို့ ဆေးပါသောက်ထားရတယ်။ ဒီကြားထဲဘာမှလည်းမစားထားဘူး။ စားချင်စိတ်လည်းမရှိဘူး။ တိုင်ကပ်နာရီပေါ်ကိုလှမ်းကြည့်လိုက်တော့ နေ့လည် 12:30.
"ရှယ်ယာရှင်တချို့နဲ့ချိန်းထားတာရှိပါတယ်"
"အင်းအင်း သွားမယ်"
ခုံကနေအထမှာ မိုက်ခနဲ ခေါင်းမူးသွားသေးပေမယ့် သူသာလက်လျော့လိုက်ရင် ဂျစ်ကန်ကန်မိန်းကလေးက ဒီလောက်လေးနဲ့ပင်ပန်းနေပြီလား မဒမ်ရာဆိုပြီး ရယ်သံတွေပါထွက်တဲ့အထိ လှောင်ပြောင်နေမှာကိုမြင်ယောင်မိတော့ မနည်းကုန်းရုန်းထရတော့တာပဲ။
ပုံရိပ်ကလေးကိုမြင်ယောင်မိပြန်တော့လည်း စိတ်ဝိဉာဥ်တစ်ခုလုံးက သူ့အနားကိုအပြေးလေးကပ်ပါသွားပြန်တယ်။ အဲ့မိန်းကလေး အိမ်ကနေထွက်သွားပြီးဘာတွေလုပ်နေမလဲ။ သေချာတာတော့ သူနဲ့ကွာရှင်းဖို့ကိုပဲ စိတ်အားထက်သန်နေမှာပါ။ လှောင်အိမ်ထဲကငှက်ငယ်လေးက ကောင်းကင်ကြီးကိုနောက်ခံထားပြီး တောင်ပံဖြန့်ပျံချင်သလိုမျိုးလေ။ ဒါပေမယ့် ယူဂျောင်ဝမ်က ငှက်တစ်ကောင်မဟုတ်သလို သူကလည်းလှောင်အိမ်ထဲမထည့်ခဲ့ဘူး။ သူ့ကိုစိတ်ကုန်သွားရတဲ့ အကြောင်းအရင်းတွေကို အခုထိသေသေချာချာမသိသေးပေမယ့် အရေးအကြီးဆုံးကတော့ ယူဂျောင်ဝမ့်သဘောပါပဲလေ။ သူပျော်နေရင်ရပြီ။
"ရပြီ မိုးလည်းချုပ်နေပြီ အလုပ်ဆင်းလို့ရပြီ ပြန်လိုက်တော့ ကျွန်မကလုပ်စရာလေးတွေရှိသေးလို့ ခဏနေခဲ့ဦးမယ်"
"ဟုတ်ကဲ့ CEO အဲ့ဒါဆိုခွင့်ပြုပါဦး"
အင်း .. လုပ်စရာကတော့ ဘာမှမယ်မယ်ရရမရှိပေမယ့် ဒီတိုင်းအမှတ်တရတွေပြည့်နှက်နေတဲ့ခရမ်းနုရောင်အိမ်လေးထဲမှာ ဝင်မနေချင်လို့။
YOU ARE READING
The Moral Of The Story
Fanfic"Young people fall in love with the wrong people sometimes" လူငယ်တွေကတစ်ခါတစ်လေမှာ မချစ်သင့်တဲ့လူကိုမှားချစ်မိတတ်ကြတယ်။